1 ပတ် - ဘာသာပြန်ပါ။

ခွေးလေးများကို ဘယ်ချိန် နို့ဖြတ်ပေးကြမလဲ❓

ဘယ်လိုဖြတ်ကြရမလဲ❓

➡️ ခွေးလေးတွေ ၆ပတ်မှ ၈ပတ်သားအတွင်း စတင်နို့ဖြတ်နိုင်ပါတယ်။

➡️ နို့စဖြတ်တဲ့အခါ ခွေးလေးတွေရဲ့ အစာခြောက်ကို ရေနွေး ဒါမှမဟုတ် မိခင်နို့/တိလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့နို့နဲ့စိမ်၍ အနှစ်ပျော့ပျော့လုပ်ကျွေးပါ။

➡️ တစ်နေ့ ၃-၄ ကြိမ် ကျွေးနိုင်ပါတယ်။ စစချင်းမှာ ကျွေးရခက်နိုင်ပါတယ်။ စိတ်ရှည်ပါ။

➡️ ရက်အနည်းငယ်ကြာလို့ ကျင့်သားရတဲ့အခါ အစာခြောက်နဲ့ ရေကိုသာ အဓိကထားကျွေးပေးပါ။

ဂရုစိုက်သင့်တာလေးတွေရှိပါတယ်။

✅ ရေများများတိုက်ပါ။

✅ အစာဖြတ်ခါစ အစာမကြေတာတို့၊ ၀မ်းပျက်၀မ်းလျှောတာတို့ ဖြစ်လာပါက probiotics တို့ကို ဆရာ၀န်ညွှန်ကြားချက်နဲ့ သင့်တင့်စွာ အသုံးပြုပေးပါ။

✅ Puppy Formula နဲ့ အထူးထုတ်ထားသော သီးသန့် အစာများကိုသာ ရွေးချယ်ပါ။

📌 အသေးစိတ်အချက်အလက်များကို ပိုမိုသိလိုပါ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်တိုင်ပင်ပြီး အကြံဉာဏ်ရယူပါ။