1 w - Translate

■ လေပြင်းတိုက်ခတ်သဖြင့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတွင် သစ်ပင်နှင့် ဓာတ်တိုင်များ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတွင် လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်နှင့် ဓာတ်တိုင်များ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က လေပြင်းတချက်တိုက်ခတ်အပြီးတွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သစ်ပင်တစ်ပင်လဲကျခဲ့ကြောင်း၊ ယင်းနှင့် ဆက်စပ်ပြီး လျှပ်စစ်ဓာတ်တိုင် ခြောက်တိုင်ခန့် လဲကျခဲ့ကြောင်း သိရသည်။

“ကားလမ်းကတော့ တော်တော်ပိတ်သွားတယ်။ အခုလည်း သွားလို့မရသေးဘူး။ ရှစ်မိုင်ဘက်ကလာရင် သွားလို့မရတော့ဘူး။ အခုတော့ ရှင်းလင်းရေးတွေ လုပ်နေတာလည်း တွေ့ရတယ်" ဟု ကမ္ဘာအေးဘုရားလမ်းပေါ် ရောက်ရှိနေသူတစ်ဦးက မွန်းလွဲ ၃ နာရီခွဲခန့်က ပြောကြားသည်။

imageimage