1 w - Translate

မိုးမိတဲ့အခါခွေးလေးတွေက နေမကောင်းဖြစ်နိုင်လား❓

ဘယ်လိုလက္ခဏာတွေပြတတ်လဲ❓

အရွယ်ရောက်ပြီးသား ခွေးအများစုဟာ သာမန်မိုးမိရုံလောက်နဲ့ ဖျားနာခဲပါတယ်။

ဒါပေမယ့် ခွေးငယ်လေးတွေ၊ သက်ကြီးခွေးတွေ၊ ကိုယ်ခံအားနည်းတဲ့ ခွေးလေးတွေကတော့ မိုးမိရုံနဲ့ အပြင်းဖျားနာနိုင်ပါတယ်။

ဒါကြောင့် သတိထားသင့်တဲ့ လက္ခဏာတွေကိုပြောပြပေးပါမယ်။

➡️ ခွေးလေးတွေ စဖျားနာတဲ့အခါနားရွက်နဲ့ နှာခေါင်းလေးတွေပူနေတတ်ပါတယ်။

➡️ ကိုယ်အပူချိန် 102.5°F (39.2°C)ထက်ကျော်လာနိုင်ပါတယ်။

➡️ ကိုယ်ခံအားနည်းပြီး တုန်နေတာ၊ အစာမစားတာမျိုးလည်းဖြစ်လာတတ်ပါတယ်။

➡️ ပုံမှန်ထက် လှဲနေချိန်ကပိုများလာတယ်၊ လှုပ်လှုပ်ရှားရှာ ဆော့ကစားတာမျိုးတာင် မလုပ်တော့တာမျိုးဖြစ်လာတတ်ပါတယ်။

➡️ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ မျက်ရည်ပူများကျခြင်းတို့ ဖြစ်လာနိုင်သည့်အပြင် အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်လာနိုင်ပါတယ်။

သင့်ခွေးလေးမှာ ဒီလိုလက္ခဏာတွေ တွေ့လာရတဲ့အခါ

✅ ၂၄ နာရီမှ ၄၈ နာရီ အထိ စောင့်ကြည့်ပါ။ လ

✅ လက္ခဏာသက်သာလာရင် စိုးရိမ်စရာမရှိပါဘူး။

✅ စောင့်ကြည့်နေတဲ့အချိန်အတွင်းမှာ ခွေးလေးကိုနွေးနွေးထွေးထွေးထားပါ၊ ရေများများတိုက်ပါ။

အကယ်၍ ၂၄ - ၄၈ နာရီအတွင်း မသက်သာဘူးဆိုရင် အမြန်ဆုံးတိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ ကုသမှုပေးပါ။