ဝက်နံရိုးပေါင်း ဆီချက်ခေါက်ဆွဲ
.....................................................
ဝက်နံရိုးပေါင်း ဆီချက်ခေါက်ဆွဲပါ။ ဝက်နံရိုးကို အရိုးပါ စားလို့ရသည့်အ ထိ နုအိသည်အထိ ပေါင်းထားတာပါ။ အရမ်းစားကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ဆီချက် ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ
ဂျုံခေါက်ဆွဲ – ၂၀၀ ဂရမ်
ကြက်သွန်ဖြူ – ၃မွှာ(နှုတ်နှုတ်စဉ်းပြီ ဆီချက် ချက်ပေးပါ)
ဆီချက် (သို့) ဝက်ဆီချက် – စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
အချိုမှုန့် – လက်ဖက်ရည်ဇွန်း တဝက်

နံရိုးပေါင်းတွင် ပါဝင်ပစ္စည်းများ
ဝက်နံရိုး – ၅၀၀ ဂရမ် (၁လက်မခွဲ အရွယ်များပိုင်းဖြတ်ပေးပါ)
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်မြိတ် – စည်းဝက် (၁လက်မခွဲအရွယ်များ ပိုင်းဖြတ်ပါ)
ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
နတ်နတ်ပွင့် – ၂ခု
ရေ – ၂ခွက် (၄၀၀ မီလီလီတာ)

ချက်ပြုတ်နည်း
၁။ ဇောက်ပန်းကန်လုံး တစ်ခုထဲတွင် (ဝက်နံရိုး၊ ဂျင်း၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ ခရုဆီ၊ နတ်နတ်ပွင့်၊ ကြက်သွန်မြိတ်၊ ဟင်းရွက်ဆီ) တို့ကို သမအောင် ရောနုယ်ထားပါ။
၂။ ပြီနောက် ဝက်နံရိုးများကို Pressure Cooker ထဲ ထည့်၊ ရေ(၂ခွက်) ထည့်ပြီ ၁နာရီခန့် အရိုးများနုအိသည်အထိ တည်ထားပေးပါ။
၃။ ဒယ်အိုးထဲ ရေများများထည့်ပြီ ပွက်ပွက်ဆူလာလျှင် ဂျုံခေါက်ဆွဲများထည့်ပြီ ကျက်သည်အထိ ၄မိနစ်ခန့် တည်ထားပါ။
၄။ ဇောက်ပန်းကန်လုံးထဲ ဂျုံခေါက်ဆွဲ၊ ပဲငံပြာရည်၊ ဆား၊ အချိုမှုန့်၊ ဆီချက်၊ တို့ကို ရောမွှေပေးပါ။
၅။ ပြီလျှင် ဝက်နံရိုးပေါင်းကို ပန်းကန်ထဲ ထည့်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူကြော် တို့ကို ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
Credit :

image