1 w - Translate

"ရောဘတ်ဝှစ်တိတ်ကာ ထိုးတဲ့ ပွဲတွေ အများကြီးကို ကြည့်ခဲ့ပြီးပါပြီ။
နည်းစနစ်ပိုင်းအရရော ၊ ဗျူဟာပိုင်းအရပါ သူ သုံးတဲ့ ပုံစံတွေက တော်တော်များများ ဆင်တူပါတယ်။ ကရာတေးစတိုင် နဲ့ ခုန်ဆွ ခုန်ဆွလုပ်ပြီး ဟန်ယူတယ် ၊ ပြီးရင် အရှိန်ဟုန်ကောင်းကောင်းနဲ့ ဝင် ၀ုန်းတတ်ပါတယ်။
အခွင့်ရေးပေါ်လာရင် ဝမ်း - တူး တွဲလုံးထုတ်မယ် ၊ ပြီးရင် အမြင့်ကန်ချက် တွဲပါလာမယ်။ ဒီအကွက်ကတော့ သူ့ရဲ့ မူပိုင်ကွက်လို့တောင် ပြောရမယ် ထင်ပါတယ်။
အကောင်းဆုံး ဆိုတဲ့ ဖိုက်တာတွေနဲ့ ထိုးခဲ့တယ် ၊ လက်ရှိချိန်ထိလဲ အကောင်းဆုံး စွမ်းဆောင်ရည်တချို့ ချပြနေဆဲ။ လွန်ခဲ့တဲ့ ၂ ပွဲတုန်းကဆိုရင် အစ်ခရန် အလစ္စခါရော့ဗ် ကို သူက အလဲထိုးပြခဲ့တယ်။ မစ်ဒယ်ဝိတ်တန်းရဲ့ တက်လူဖိုက်တာလို့ သတ်မှတ်ထားတဲ့ ပြိုင်ဘက်မျိုးကို ထင်မထားလောက်အောင် လုပ်ခဲ့တာပါ။
ဒီတစ်ချက်နဲ့တင် သူက ထိပ်တန်းအဆင့်မှာ ရှိနေဆဲ ဆိုတာ ပြောလို့ရပါတယ်။ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ပြီးကို ပြင်ဆင်နေတဲ့သူမို့ ၊ ကျနော့်ဘက်က သူ့ကို လျှော့တွက်ထားစရာ အကြောင်းရင်းကို မရှိပါဘူး"
ရိုင်နီယာ ဒီရစ်ဒါ ရဲ့ ပွဲကြိုပြောစကား
ရိုင်နီယာ vs. ဝှစ်တိတ်ကာ တို့ဟာ
ဒီတစ်ပတ် တနင်္ဂနွေ မနက်မှာ ရင်ဆိုင် ထိုးကြတော့မှာ ဖြစ်ပါတယ်။

image