☘️ မှတ်ထားရင် အကျိုးရှိ
~•~•~•~•~•~•~•~•~•~
မြတ်စွာဘုရားဟောတဲ့ ဒေသနာလေးတစ်ပုဒ် လူတွေရဲ့နှုတ်ထဲ ရောက်သွားလို့ရှိရင် ဒီဘဝတင် မကဘူး။ နောက်
ဘဝတွေမှာပါ အကျိုးရှိနိုင်တယ်။
🍁" ပဉ္စဂ္ဂပုဏ္ဏား ဇနီးမောင်နှံ "လိုပဲ
' နာမရူပ 'ဆိုတဲ့ စကားလုံးလေး
ကြားလိုက်တာနဲ့ ကြားဖူးတဲ့စကားလုံးပဲ
ဆိုပြီး အဓိပ္ပါယ်ထွင်းဖောက်သိရှိကာ
တရားတစ်ပုဒ်အဆုံးမှာ အနာဂါမ်ဖြစ်သွားကြသလိုပေါ့။
🍁ဗုဒ္ဓမြတ်စွာရဲ့ စကားလုံးလေးအတိုင်း " နန္ဒီ ဒုက္ခဿ မူလံ "
ဆိုတာကို မှတ်ထားကြ၊ သိပ်ခဲယဉ်းတဲ့
ပါဠိစကားမဟုတ်ဘူး။
🍁" နန္ဒီ- နှစ်သက်တတ်တဲ့ တဏှာရာဂဟာ၊
ဒုက္ခဿ- ဆင်းရဲဒုက္ခရဲ့၊
မူလံ- အကြောင်းပဲ "တဲ့။
(နန္ဒီ ဒုက္ခဿ မူလံ )တရားတော်မှ
ကောက်နုတ်ပူဇော်ပါသည်။
❤️ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
