1 w - Translate

မင်းသားမှာ အိပ်စက်ခြင်းရောဂါရှိတယ်
သူက တစ်ရက်မှာ ၁၈နာရီအိပ်ပြီး...
သူနိုးတဲ့အချိန်က ၆နာရီပဲရှိတယ်

သူအိပ်ချင်လာပြီဆို ဘာကိုမှအာရုံမစိုက်နိုင်တော့ဘဲ
ကိုယ်သိကျွမ်းတဲ့သူကိုတောင် မမှတ်မိဘဲ ဖြစ်သွားတတ်တယ်

နောက်ဇာတ်လမ်းတစ်ဖက်မှာက ကိုယ်ဝန်မရနိုင်တဲ့ အမျိုးသမီးတွေအတွက် ဖန်ပြွန်သန္ဓေဖန်တီးဖို
မမျိုးဥတွေ လိုအပ်တယ်...
ဒီမမျိုးဥဆိုတာကလည်း အခြား ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးလေးတွေဆီက ရတဲ့ မျိုးဥတွေကပဲ အသုံးဝင်တာဆိုတော့...
လိုအပ်ချက်ကများပြီး စျေးကွက်မှာ ပမာဏနည်းပါးနေတဲ့အခါ...
မျိုးဥမှောင်ခိုလုပ်ငန်းတွေပေါ်လာတော့တာပဲ...

ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး မီနိုဖောထိုးပေးပြီး သူတိုမျိုးဥတွေကိုမှောင်ခိုရောင်းဝယ်တယ်...

မင်းသားမှာက သူအရမ်းချစ်ရတဲ့ တူမလေးတစ်ယောက်ရှိတယ်...
သူ့အစ်ကို နဲ့ မရီးက မတော်တဆမှုနဲ့ဆုံးပါးသွားတော့ တူမလေးကို တာဝန်ယူတော့တာပေါ့ ...
တစ်နေ့ သူနဲ့ သူ့တူမလေး ကစားကွင်းကိုသွားတုန်းသူ့တူမလေးပျောက်သွားတယ်...

အချစ်ဆုံးတူမလေး ပျောက်သွားတဲ့အပြင် အစ်ကိုနဲ့မရီး အသတ်ခံလိုက်ရတယ်ဆိုတဲ့အကြောင်းပါ သိသွားတဲ့နောက်မှာတော့....

image