သတိရတယ်ဆိုတာမျိုးက
ငှက်ကလေးတွေ အော်မှ
လကလေးက သာမှ
သစ်ရွက်ကလေးတွေ ကြွေမှ
ရှုခင်းကလေးက လွမ်းစရာကောင်းမှ
သတိရတာ မဟုတ်ပါဘူးကွာ ။
သတိရချင်တဲ့အခါ ဘယ်လိုနေရာမှာဖြစ်ဖြစ်
သတိရတာပါပဲ ။