ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်းဖွင့်လှစ်
****************
(ပြည်တွင်း) ဇူလိုင် ၂၂
မြန်မာ့တပ်မတော်နှင့်အိန္ဒိယတပ်မတော်တို့ ပူးပေါင်း၍ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်း ကို ဇူလိုင်လ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal ဟိုတယ်၌ စတင်ဖွင့်လှစ်ရာ နစကဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။
အဆိုပါသင်တန်းသည် (၈)ကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မှ ၂၀၁၉ ခုနှစ်အတွင်း အရာရှိ ၁၃၀ ဦး၊ စစ်သည် ၈၄ ဦးတက်ရောက်ခဲ့ကာ ယခုသင်တန်းတွင် အရာရှိ ၃၀ ဦးတက်ရောက် မည်ဖြစ်ပြီး သင်တန်ကို သြဂုတ် ၁ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါတယ်။
သင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများ နှင့် ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့များ စောင့်ထိန်း လိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများကို ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေးဆောင်ရွက်ခြင်း၊ တပ်ခွဲအခြေချ စခန်းတည်ဆောက်ခြင်း၊ လေ့ကျင့်ခန်း BlueHelmet ဘာသာရပ်များကို စာတွေ့၊လက်တွေ့လေ့ကျင့် သင်ကြားပို့ ချသွားမည်ဖြစ်ပါတယ်။
