#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အီရန်နှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ နျူကလီးယားအရေး ဆွေးနွေးမည်ဟုဆို
အီရန် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဥရောပ အင်အားကြီးသုံးနိုင်ငံဖြစ်သော ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့နှင့် ဆွေးနွေးမည်ဟု အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သည်။
ဆွေးနွေးပွဲများကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပမည်ဟု ဆိုသည်။
ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည် ၂ဝ၁၅ ခုနှစ်က နျူကလီးယားသဘောတူညီချက်အရ အီရန်အပေါ် ရုပ်သိမ်းခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပိတ်ဆို့အရေးယူမှုများကို အလိုအလျောက် ပြန်လည်အသက်သွင်းမည့် ယန္တရားကို အသုံးပြုရန် စီစဉ်နေသည်။
ယင်းမှာ လွန်ခဲ့သောလက အစ္စရေးနှင့်အမေရိကန်တို့က အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်ပြီးကတည်းက ရပ်ဆိုင်း ထားသည့် နျူကလီးယားဆွေးနွေးမှုများကို ပြင်ဆင်ရန် အီရန်ကို ဖိအားပေးသည့်အနေဖြင့် အရေးယူပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
အီရန်အစိုးရသည် ဥရောပနိုင်ငံသုံးနိုင်ငံနှင့် ဆွေးနွေးရန် သဘောတူညီမှုပေးခြင်းဖြင့် ကုလသမဂ္ဂပိတ်ဆို့အရေးယူမှုများ ပြန်လည် စတင်ခြင်းမှ ကာကွယ်ရန် ကြိုးစားနေသည်။ သို့သော် ၎င်း၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ မည်သည့်ရပ်တည်ချက်မျှ မပြောင်းလဲဟုဆိုသည်။
အစ္စရေးနှင့် အမေရိကန်တို့သည် အီရန် အဓိကနျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ၎င်း၏နျူကလီးယားအစီအစဉ် နှစ်အတန်ကြာ နောက်ဆုတ်သွားနိုင်ကြောင်း သုံးသပ်ထားသော်လည်း အီရန်သည် သန့်စင်ပြီး ယူရေနီယံအချို့ကို ပြန်လည်ရရှိဖွယ်ရှိကြောင်း ထောက်လှမ်းရေးအသိုင်းအဝိုင်းက သုံးသပ်ထားသည်။
အင်န်အိတ်ချ်ကေ

image