#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရှီကျင်ပင်းနှင့် ဒေါ်နယ်ထရန့် ယခုနှစ်အောက်တိုဘာလအတွင်း တွေ့ ဆုံနိုင်ဖွယ်ရှိ
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ယခုနှစ်အောက်တိုဘာ ၃ဝ ရက်နှင့်နိုဝင်ဘာ ၁ ရက် အကြားကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(အေပက်) ထိပ်သီးညီလာခံမတက်ရောက်မီ တရုတ်နိုင်ငံသို့ လာရောက်ဖွယ်ရှိနိုင်သလို အေပက်ထိပ်သီးဆွေးနွေးပွဲကာလ၌ တရုတ်သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်လည်း ရှိကြောင်း ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းစာက ဇူလိုင် ၂၀ ရက်တွင် ရေးသားတင်ပြထားသည်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံများ ဖြစ်ကြသည့် တရုတ်နှင့်အမေရိကန်ပြည်ထောင်စုတို့သည် တဖြည်းဖြည်းပြင်းထန်လာသော နှစ်နိုင်ငံကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ရေးအတွက်ကြိုး ပမ်းလျက်ရှိသည်။
ဆောက်ချိုင်းနားမောနင်းပို့စ်သတင်းစာ၏ အဆိုအရ တရုတ်နှင့်အမေရိကန်တာဝန်ရှိသူများသည် ယခုနှစ်အတွင်း အာရှဒေသ၌ သမ္မတဒေါ်နယ်ထရန့်နှင့် သမ္မတရှီကျင်ပင်းတို့အကြား တွေ့ဆုံ ဆွေးနွေးနိုင်ရေးအတွက် ညှိနှိုင်းမှုများပြုလုပ်ထားကြောင်းသိရသည်။
သို့ရာတွင် သမ္မတရှီကျင်ပင်းနှင့် သမ္မတဒေါ် နယ်ထရန့်တို့၏ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်နေ့နှင့် ကျင်းပမည့်နေရာတို့ကို တရုတ်နှင့်အမေရိကန် တာဝန်ရှိသူများက အတည်မပြုသေးကြောင်း သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားထားသည်။
သတင်းအရင်းအမြစ်များ၏အဆိုအရ သမ္မတရှီကျင်ပင်းနှင့် သမ္မတဒေါ်နယ်ထရန့်တို့အနေဖြင့် အေပက်ဆွေးနွေးပွဲ၌ တွေ့ဆုံနိုင်ဖွယ်ရှိသလို အေပက်ဆွေးနွေးပွဲမတိုင်မီ တရုတ်နိုင်ငံသို့ သမ္မတဒေါ်နယ်ထရန့်လာရောက်နိုင်ခြေလည်းရှိကြောင်းသိရသည်။
ရိုက်တာ

image