နဂါးငွေ့တန်း ဂလက်ဆီရဲ့ ဗဟိုရှိ ဧရာမ တွင်းနက်ကြီးရဲ့ ပုံရိပ်
ဥရောပတောင်ပိုင်း နက္ခတ္တဗေဒ စောင့်ကြည့်လေ့လာရေးစခန်း (European Southern Observatory) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ Event Horizon တယ်လီစကုပ်ဟာ နဂါးငွေ့တန်း ဂလက်ဆီရဲ့ ဗဟိုမှာရှိတဲ့ ဧရာမ တွင်းနက်ကြီးရဲ့ ပုံရိပ်ကို ပထမဆုံးအကြိမ်အဖြစ် ရိုက်ကူးနိုင်ခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေဟာ နေကနေ အလင်းနှစ် ၂၇,၀၀၀ ကွာဝေးတဲ့ Sagittarius A လို့ခေါ်တဲ့ မှိန်ဖျော့ဖျော့ ရေဒီယိုလှိုင်း ထုတ်လွှတ်ရာနေရာဟာ နဂါးငွေ့တန်း ဂလက်ဆီရဲ့ ဗဟိုနဲ့ တိုက်ဆိုင်နေပြီး အဲဒီနေရာမှာ တွင်းနက်ကြီး တည်ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။
လေ့လာတွေ့ရှိမှုတွေကို ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Sagittarius A ပတ်လည်က ဓာတ်ငွေ့တွေရဲ့ တောက်ပမှုနဲ့ ဖွဲ့စည်းပုံတွေဟာ လျင်မြန်စွာ ပြောင်းလဲနေတာကြောင့် အချက်အလက်တွေကို ပြုပြင်ဖို့ ၅ နှစ်ကြာ အချိန်ယူခဲ့ရပါတယ်။ ဒီတွေ့ရှိချက်က နဂါးငွေ့တန်း ဂလက်ဆီရဲ့ ဗဟိုမှာ တွင်းနက်ကြီး တည်ရှိနေတယ်ဆိုတာကို နောက်ဆုံးမှာ သက်သေပြနိုင်ခဲ့ပါတယ်။
#အင်္ဂါဂြိုဟ် #လကမ္ဘာ #သိပ္ပံ #ထူးဆန်းထွေလာ #ဂျူပီတာဂြိုဟ် #ကမ္ဘာ #science
