1 ပတ် - ဘာသာပြန်ပါ။

မော်လ​မြိုင်မှာ ထီးလှိုင်ရှင် အပျော်စီးသင်္ဘော ကမ်းမှာရပ်ထားစဥ် နစ်မြုပ်လို့ ဆယ်ယူနိုင်ရေးကြိုးစားနေ

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ထားဝယ်ဆိပ်ခံတံတားမှာ ရပ်နားထားတဲ့ ထီးလှိုင်ရှင် အပျော်စီး သင်္ဘော ဒီကနေ့ ဇူလိုင် ၂၁ရက်နေ့ မနက်ပိုင်းမှာ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့တာကြောင့် ရေစီးနဲ့မျောမပါရေး ကြိုးချည်နှောင်ဖို့ လုပ်ဆောင် နေတယ်လို့သိရပါတယ်။
သင်္ဘောနစ်မြုပ်မှုကို အစိုးရအဖွဲ့,လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးမှ လာရောက်ကြည့်ရှုစစ်ဆေးပြီး သင်္ဘောအမြန်ဆုံးဆယ်ယူဖို့ ပြောဆိုသွားတာကြောင့် တာဝန်ရှိသူတွေက ဆယ်ယူနိုင်ရေးစီစဥ်နေကြ တယ်လို့သိရပါတယ်။
" ပြည်နယ်ဝန်ကြီးလာကြည့်သွားပြီး သင်္ဘောအမြန်ဆုံးဆယ်ဖို့ ညွှန်ကြားသွားတယ်။ခုလောလောဆယ် တာဝန်ရှိသူတွေက သင်္ဘောကို ရေစီးနဲ့မမျောအောင်လို့ ဆိုင်းကြိုးမှာဆွဲချည်ဖို့လုပ်နေကြတယ်။သင်္ဘောက ပဲ့ပိုင်းကစမြုပ်တယ်။အခုပေါ်နေတာဦးပိုင်းပါ။ခုမနက်ရောက်မှလုံးလုံးမြုပ်သွားတာပါ။ညတုန်းကတော့လေရောမိုးရောအတော်လေးကြမ်းတယ်။သူတို့ကတော့ သင်္ဘောဝမ်းဗိုက်နဲ့ဘောတံတားတိုက်မိပြီး ဝမ်းဗိုက်ပေါက်ရေဝင်ပြီး တဖြေးဖြေးချင်းမြုပ်သွားတယ်လို့ပြောတယ်။" လို့ မော်လမြိုင်ဒေသခံကပြောပါတယ်။
အဆိုပါ သင်္ဘောက ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနပိုင် သင်္ဘောဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတခုကို ငှားရမ်းထားတာဖြစ်ကြောင်း ၊ ကုမ္ပဏီကမှ သံလွင်မြစ်အတွင်း အပျော်စီးသင်္ဘောအဖြစ် ပြေးဆွဲခဲ့တာဖြစ် ပြီး လက်ရှိမှာ ခရီးစဥ်တွေရပ်ထားတဲ့အတွက် ကမ်းမှာရပ်နားထားတာဖြစ်တယ်လို့သိရပါတယ်။
ကမ်းမှာ သင်္ဘောရပ်နားထားချိန် ရေနစ်မြုပ်မှုဖြစ်ပွားခဲ့တာကြောင့် လူထိခိုက်မှုအခြေအနေတော့မရှိကြောင်း ၊ သင်္ဘောထိခိုက်ပျက်စီးမှာသာရှိကြောင်းနဲ့ ပျက်စီးမှုအခြေအနေကိုတော့ ပြန်လည်ဆယ်ယူပြီးမှသာငိရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

image
image
image
image