1 ပတ် - ဘာသာပြန်ပါ။

သူမရဲ့ မွေးနေ့မှာပဲ သိုင်းရွိုက်ကင်ဆာမှန်းသိခဲ့ရပြီး ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ ခင်ဇာခြည်ကျော်ရဲ့ သမီးလေး ထင်သစ္စာ
မေမေခင်ဇာခြည်ကျော်နဲ့ အကိုဖြစ်သူ ဘုန်းမင်းနေလတို့ကတော့ ထင်သစ္စာရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် ချီးကျူးမဆုံးဖြစ်နေကြတာပါ။ ထင်သစ္စာက သိုင်းရွိုက်ကင်ဆာဟုတ်မဟုတ် ဘန်ကောက်မှာသွားရောက်စစ်ဆေးခဲ့ပြီး သူမ မွေးနေ့လေးမှာပဲ ဆရာဝန်တွေက ချက်ချင်းခွဲစိတ်ဖို့ပြောခဲ့တာပါ။ ဒါကြောင့် သူမမွေးနေ့လေးကို လူကြီးတွေက ပျော်ပျော်ရွှင်ရွှင်ကျင်းပပေးခဲ့ပြီး နောက်ရက်မှာပဲ ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။ ထင်သစ္စာက ဒီအရာတွေကို အသက်ငယ်ပေမယ့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်။

image