D-N-A (2025)
ဘောလိဝုဒ်ဖန်တွေအသဲစွဲ မင်းသားဗီဂျေးရဲ့ DNAဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလာလို ပရိသတ်တိုအတွက် တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းလေးရဲ့အစမှာတော့ အာနမ်ဟာ အချစ်ပျောက်လို အရက်သောက်ရင်း ယမကာလုလင်ဘဝရဲ့ ဘဝကို ရေစုန်မျှောပစ်နေတဲ့ အချစ်ရှုးသမား ဒတ္တလက်သစ်လေးလုပ်နေတာပေါ့။
ကိုယ့်ရဲ့ ပညာတတ်မျိုးရိုးကိုမှအားမနာ တစ်နေ့နေ့မူးပြီးမှောက်မှောက်နေတော့ အဖေက သူ့ကိုမကြည်တော့ဘဲ အာနမ်အိမ်ပြန်လာတဲ့နေ့တိုင်း အိမ်မှာ ပြဿနာဖြစ်ရတာချည်းပါပဲ။
ဒီလိုနဲ့ ညီဖြစ်သူကို မိန်းမပေးစားဖို လူကြီးချင်းတွေ့ပေးတော့လည်း အာနမ်က မူးမူးနဲ့ အချစ်ဆိုတာနာကျင်မှုပဲဆိုပြီး ပွဲဝင်ဖျက်ပြန်တော့ မိဘတွေလည်းခေါင်းကိုက်ပြီး အာနမ်ကို ချက်ချင်းဆိုသလို မိန်းမပေးစားဖိုလုပ်ပါတော့တယ်။
တစ်ဖက်ကသတိုသမီး ဒိဖ်ရာကလည်း BPD ဖြစ်နေလို ရပ်ကွက်ထဲက စာဥမလေးအဖြစ် သတင်းမွှေးနေသူ၊ ဒါပေမဲ့ သတိုသမီးဘက်ကလည်း စိတ်ဝေဒနာရှိတာကို မသိစေချင် သတိုသားဘက်ကလည်း အမူးသမားဆိုတာ မသိစေချင်တာနဲ့ အလျင်စလို အိမ်ထောင်ပြုပေးခံလိုက်ရတာပေါ့။
လိုအပ်ချက်ကိုယ်စီနဲ့ အိမ်ထောင်ကျတဲ့သူတိုနှစ်ယောက် တစ်ယောက်ကွက်လပ်ကို တစ်ယောက်ကဖြည့်ပေးရင်းနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲ ရှုစားကြပါဦးစို။
