1 w - Translate

လင်းနို့တွေဟာ ၎င်းတို့ ခန္ဓာကိုယ်အရွယ်အစားနဲ့တူညီတဲ့ တိရစ္ဆာန်အများစုထက် အသက်ပိုရှည်ကြပြီး နှစ် ၄၀ လောက် အထိ အသက်ရှင်နိုင်သလို ကင်ဆာရောဂါလည်းဖြစ်ဖို့ခဲယဉ်းပါတယ် Rochester တက္ကသိုလ် ရဲ့ မကြာသေးမီက လေ့လာမှုတစ်ခုအရ လင်းနို့တွေရဲ့ ဒီလို ကင်ဆာဒဏ်ခံနိုင်ရည်ရှိမှုဟာ မျိုးဗီဇဆိုင်ရာ ထူးခြားတဲ့ ပေါင်းစပ်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်
လူသားတွေနဲ့မတူဘဲ လင်းနို့တွေမှာ ပျက်စီးနေတဲ့ဆဲလ်တွေ ပွါးများလာခြင်းကို ရပ်တန့်ဖို့ ကူညီပေးတဲ့ p53 မျိုးဗီဇတွေအများအပြားရှိကြပါတယ် အဲ့ဒါအပြင် ဆဲလ်ပြုပြင်ခြင်းနဲ့ အသက်ရှည်ခြင်းကို အထောက်အကူပြုတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ telomerase ပမာဏကိုလည်း ဂရုတစိုက် ထိန်းညှိထားကြပါတယ် ဒီလို ထိန်းညှိထားတာတွေကြောင့် လင်းနို့တွေဟာ ကျန်းမာရေးကောင်းမွန်ကြပြီး ကင်ဆာရောဂါကိုပါကာကွယ်နိုင်ကြပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image