ခြင်မ တစ်ကောင် ကိုက်တဲ့အခါ သူဟာ အစာစားရုံသက်သက်မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ကိုပါ သန့်စင်နေတာ ဖြစ်ပါတယ် ဥတွေ ကြီးထွားမှုမှာအရေးပါတဲ့ ပရိုတင်းဓာတ်တွေ ရရှိဖို့ သွေးစုပ်ယူနေချိန်မှာဘဲ ပျံသန်းနေချိန် အရမ်းလေးလံမသွားအောင် ပိုလျှံနေတဲ့ အရည်တွေကို တစ်ပြိုင်နက်တည်း စွန့်ထုတ်တတ်ပါတယ်
ဒီဖြစ်စဉ်ကို ဆီးထုတ်ခြင်း (diuresis) လို့ ခေါ်ပြီး ခြင်မကို ပေါ့ပါးစေကာ မြန်မြန်ဆန်ဆန် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကူညီပေးပါတယ် ကိုက်နေစဉ် ဒါမှမဟုတ် ကိုက်ပြီးနောက်မှာ မြင်တွေ့ရတတ်တဲ့ အရည်စက်လေးထဲမှာ ရေ၊ ဆားဓာတ်တွေနဲ့ ယူရစ်အက်ဆစ် ဒါမှမဟုတ် အမိုးနီးယားလို နိုက်ထရိုဂျင်ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်
#knowledge #ဗဟုသုတ #
