အလင်းအလျင်(Light speed) နဲ့ နေအဖွဲ့အစည်းထဲက ဂြိုလ်တွေဆီ သွားမယ်ဆိုရင် ကြာမယ့် အချိန်အတိုင်းအတာကို ပုံမှာဖော်ပြပေးထားပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ လူသားတွေကတော့ ဒီအလျင်နဲ့ မသွားနိုင်ပါဘူး။သွားနိုင်ဖို့ နည်းပညာလည်းမရှိပါဘူး။
ရိုးရိုးလောင်စာသုံး ဒုံးပျံတွေ လူလိုက်ပါမယ့် အာကာသယာဉ်တွေက ဒီလိုအမြန်နှုန်း မရနိုင်ပါဘူး။
ဥပမာအားဖြင့်၊ လူသားတွေကို လကမ္ဘာဆီ ပို့ဆောင်ခဲ့တဲ့ Apollo 10 (အပိုလို ၁၀) မစ်ရှင်မှာ အာကာသယာဉ်ဟာ အမြင့်ဆုံး တစ်နာရီကို မိုင် ၂၅၀၀၀ လောက်ပဲ ရောက်ခဲ့ပါတယ်။
နေအဖွဲ့အစည်းကနေ လွတ်မြောက်ဖို့ ပစ်လွှတ်ခဲ့တဲ့ New Horizons
အာကာသယာဉ်ဆိုရင် အမြင့်ဆုံး တစ်နာရီကို မိုင် ၃၆၀၀၀ လောက်အထိ ရောက်ခဲ့ဖူးပါတယ်။
လက်ရှိလူသားတွေ တီထွင်ထားတဲ့ အထဲမှာ အမြန်ဆုံးက တစ်နာရီကို မိုင် ၄၃၀,၀၀၀ နဲ့ နေဆီကို ချဉ်းကပ်သွားခဲ့တဲ့ Parker Solar Probe ပဲဖြစ်ပါတယ်။
(ဒီအကြောင်းကိုတော့ ရှေ့ရက်က post တစ်ခုမှာဖော်ပြခဲ့ပြီးပါပြီ)
ဒီလောက်မြန်တဲ့နှုန်းကို ရနိုင်ခဲ့တာက နေဆီကိုချဉ်းကပ်သွားတဲ့ အချိန်နဲ့အတူ gravity assist လို့ခေါ်တဲ့ ဒြပ်ဆွဲအားကူ နည်းပညာကို နှစ်ပေါင်းများစွာ ပညာရှင်ပေါင်းများစွာ သေချာတွက်ချက်ပြီးမှ သုံးခဲ့လို့ဖြစ်ပါတယ်။
ဒီလိုအမြန်နှုန်းဟာ အလင်းအလျင်နဲ့ယှဉ်လိုက်ရင် သူရဲ့ ၀.၀၆၅ % ပဲရှိပါတယ်။
အလင်း အလျင်က တစ်နာရီကို မိုင် ၆၇၁ သန်း ရောက်နိုင်ပါတယ်။

image