ဒီကားကိုတော့ ဒါရိုက်တာ Tom Delvin ရိုက်ကူးထားပြီး
Kristy Adams, Amber Amlin, Chris Arredondo တိုက
အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း တောင်ပေါ်က
သားသတ်ရုံမှာပျောက်ဆုံးသွားတဲ့ ဘောလုံးလက်ရွေးစင်ဟောင်း
အုပ်စုရဲ့ အမှုအကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဒီကားကတော့ သွေးထွက်သံယိုသတ်ဖြတ်ခန်းတွေကို နှစ်ခြိုက်တဲ့
သူတွေအတွက်တော့ တကယ်ကို ကြိုက်နှစ်သက်မယ့် ပုံစံမျိုး
ရိုက်ကူးထားတာပါ။
အရင်ကကျောင်းရဲ့လက်ရွေးစင် ကစားသမားတွေက အရွယ်
ရောက်ပြီးကြတဲ့နောက် သူတိုကျောင်းရဲ့ အားကစားပွဲကို
ဆင်နွှဖို ပြန်လာကြရင်း ပြန်လည်ဆုံတွေ့ကြပါတယ်။
အဲဒီမှာပဲ အရင်က သူတိုပါတီတွေလုပ်နေကျဖြစ်တဲ့ တောင်ပေါ်က
သားသတ်ရုံကို သွားပြီးတော့ အောင်ပွဲခံဖို စီစဉ်ကြပါတယ်။
ဒါပေမယ့် သားသတ်ရုံကို သူတိုရောက်ပြီးတဲ့နောက် ပါတီ
လုပ်ကြရင်း အဖွဲသားတွေ တစ်ယောက်ပြီးတစ်ယောက်
ပျောက်ဆုံးလာကြတဲ့အခါ သူတိုအဖွဲ ဘယ်လိုတွေဆက်
ဖြစ်သွားမလဲ…..
သူတိုက ဘာကြောင့် ပစ်မှတ်ထားခံနေရတာလဲ…..
ဝက်အရေခွံခြုံထားတဲ့ လူသတ်သမားနဲ့ သူတိုကရော ဘယ်လို
ဇာတ်လမ်းတွေ ရှိခဲ့ဖူးတာလဲ……
တကယ်ပဲ ကျိန်စာသင့်နေတဲ့ ဝက်ဆိုတဲ့ ဒဏ္ဍာရီတွေက
Slaughterhouse On The Hill (2024
