1 ပတ် - ဘာသာပြန်ပါ။

M*on*st*er [2022]

အိန္ဒိယ Malayalam ဘက်မှာ မသိသူမရှိတဲ့ မင်းသားကြီး Mohanlal ရဲ့ လှည့်ကွက်များစွာနဲ့ စိတ်ဝင်စားဖွယ် မှုခင်းဇာတ်ကားကောင်းတစ်ပုဒ် ထွက်ရှိလို လာခဲ့ပါပြီ

ဇာတ်ကားထဲမှာ သူဟာ လပ်ကီးဆင်းဆိုတဲ့ အမည်ရှိပြီးနိုင်ငံခြားကနေ အိန္ဒိယကို တိုက်ခန်းအရောင်းအဝယ်ကိစ္စနဲ့ပြန်လာရာကနေ ဇာတ်လမ်းကို စထားပါတယ်

ဇာတ်လိုက်မင်းသမီးဖြစ်သူ ဘာမီနီက
တက္ကစီဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဒရိုင်ဘာတစ်ယောက်ဖြစ်ပြီးသူ့ကို လေဆိပ်မှာ သွားကြိုရမယ့်သူပဲဖြစ်ပါတယ်

ခရီးတစ်လျှောက်လုံး သူဟာ ပျော်ပျော်နေတတ်တဲ့သူလို ပြုမူပြီးစကားတွေလည်း အများကြီးပြောပါတယ်

ဘာမီနီကိုလည်း ချစ်ခင်နှစ်သက်ပုံပြပြီး
စကားရွှင်တဲ့ ကိုလူပျော်တစ်ယောက်လိုပဲ ထင်ရပါတယ်

အဲဒီလိုနဲ့ ဘာမီနီတိုလင်မယားရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကိုမရမက အတင်းလာမယ်လုပ်ပြီး
ရောက်လာတဲ့အချိန်မှာတော့..

သူဟာ ဘယ်လိုမှ မထင်မှတ်ထားစရာလုပ်ရပ်တစ်ခုကိုလုပ်ခဲ့ပါတော့တယ်

သူလုပ်တဲ့လုပ်ရပ်က ဘာဖြစ်မလဲ ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဘာအကြံအစည်တွေနဲ့ဘာမီနီကို သူချဉ်းကပ်ခဲ့တာလဲဆိုတာကို ဟောဒီ့ Monster ဆိုတဲ့ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်ရှင်

image