မိခင်ရဲ့ မွေးနေ့မှာ အမြန်နေကောင်းကျန်းမာလာဖို့ ဆုတောင်းလိုက်တဲ့ အိမ့်ချစ်
အဆိုတော် အိမ့်ချစ်က ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့ဟာ မိခင်ရဲ့ မွေးနေ့ဖြစ်တယ်လို့ ဆိုပါတယ်။ သူမလိုချင်တဲ့ ဆုတစ်ခုကတော့ မေမေ နေအမြန်ကောင်း ကျန်းမာလာဖို့ပဲဖြစ်တယ်လို့ ပြောပါတယ်။ အိမ့်ချစ်ဟာ သူမကိုယ်တိုင်လည်း သမီးလေးတစ်ဦးမွေးဖွားထားသလို မိခင်ကိုလည်း စောင့်ရှောက်ဖေးမနေသူတစ်ဦးပါ။ ကျန်းမာရေးမကောင်းတဲ့ မိခင်ကို ကျန်းမာစေဖို့ဆုတောင်းပြီး မွေးနေ့ကို ဖြတ်ကျော်ခဲ့ပါတယ်။
