အကောင့်တုနဲ့ ယောက်ကျားရေလို့ခေါ်ပြီးစာတွေ တညလုံးပို့နေတာကြောင့် တန်ဖိုးကြီးဖုန်းပါကွဲသွားခဲ့တဲ့ ဟန်ထူးဈာန်
အဆိုတော် ဟန်ထူးဈာန်က သူ့ကိုနှောင့်ယှက်နေတဲ့ အကောင့်တုကြောင့် တန်ဖိုးကြီးဖုန်းပါကွဲသွားခဲ့ရပါတယ်။ နေ့တိုင်းနီးပါး တညလုံး ယောက်ကျားရေလို့ သူ့ကိုခေါ်ကာ၊ သူမကိုသူမလည်း မိန်းမရေလို့ သုံးနှုန်းပြီး စာတွေပို့နေတာကြောင့် သူကမဟုတ်ကြောင်း ရှင်းပြပေမယ့်လည်း မရဘဲ စာတွေပို့နေခဲ့ပါတယ်။စာတွေတညလုံးပို့နေတာကြောင့် တုန်ခါမှုနဲ့ရွေ့ပြီးဖုန်းပြုတ်ကျကာ ကွဲသွားခဲ့ပါတယ်။
