နှစ်တွေအကြာကြီး မင်းမျက်နှာ မမြင်ရတော့မှ

အခုမှ ကိုယ် လက်ခံလာနိုင်တယ်
ဝေးသွားတာဟာ တကယ့် အဖြစ်အပျက်ပဲ
ဒါဟာ ကိုယ့်ဘဝထဲမှာ တကယ်ဖြစ်ခဲ့တယ်။

မင်း ရှိခဲ့တာလည်း တကယ်
မင်း မရှိတော့တာလည်း တကယ်။

"ပြန်ဆုံဖြစ်ခဲ့ရင်" ဆိုတာကသာ အိပ်မက်
ကိုယ့်တစ်သက်လုံး မက်နေမယ် ။

•ဆပ်ရိပ်•

image