#ဒူးရင်းပင်ရွေးချယ် စိုက်ပျိုးသည့်နေရာမှာ
အပင်ကြီးနှင့် အပင်ငယ် ဘယ်အပင်ကို ရွေးချယ်စိုက်ပျိုးသင့်ပါသလဲ...

အချို့ကလည်းအပင်ငယ်ကို စိုက်ပါလို့
တိုက်တွန်းတာကိုလည်း တွေ့ရသလို့ အပင်ကြီးကို
စိုက်ပါလို့ အားပေး တိုက်တွန်းကြတာကိုလည်း တွေ့ရပါတယ်

အငယ်ကိုစိုက်ပါလို့ အားပေးတဲသူက အမြစ်အား
ကောင်းတဲ့အချိန် ကိုယ်စိုက်ပျိုးမည့်ဒေသရဲ့ ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိအောင်လို့ပြောတာ
ထင်ပါတယ်

အပင်ကြီးစိုက်ပါလို့အားပေးတဲ့သူက စိုက်ပြီးတာနဲ့ ၁.နှစ် ၂.နှစ်အတွက် အသီး သီးအချိန်ကို
စောင့်နေစရာမလိုလို့ ဆိုပြီးပြောကြပြန်တယ်.. ပေါ့

ဒါကို ကျနော်ဉာဏ်မှီသလောက်ရှင်းပြပေး
ချင်ပါတယ် ဒူးရင်းပင်ကို ဝယ်ပြီးစိုက်ပျိုးတော့မယ်
ဆိုရင် စျေးနှုန်းဆိုတာကြည့်ရပါတယ်

အပင်ကြီးရင် စျေးကြီးသလို့ အပင်ငယ်ရင်စျေးနည်းတာ..ပေါ့

အပင်ကြီးတော့ စျေးကြီးတယ်ပို့ဆောင်ရခက်
ခဲ့တယ် ဒါကြောင့်အပင်ကြီးရောင်းတဲသူ မရှိတာ
လည်းဖြစ်နိုင်ပါတယ်

အပင်ငယ်တော့ ပို့ဆောင်ရလွယ်ကူပြီး စျေးနှုန်းလည်းသက်သာတယ် ပြေားးချင်တာက
အပင်ကြီးဖြစ်စေ အပင်ငယ်ဖြစ်စေ အဓိက စိတ်ခံစားချက်ပါပဲ..

၂.နှစ်သားအပင်ကို ဝယ်စိုက်တော့ အချိန်ကို သိပ်ပြီးစောင့်နေစရာမလို့ပဲ အချိန်ကိုဝယ်လိုက်တဲ့
သဘောပါ..အချိန်ကိုဝယ်လို့မရဘူးဆိုတဲ့သူတွေ
အတွက် ၂.နှစ်သားအပင်ကို စိုက်လို့ ဖြစ်ထွန်း
အောင်မြင်သွားရင် အချိန်၂.နှစ်ကိုဝယ်လိုက်တာနဲ့
တူညီပါတယ်

စိုက်ပြီးသားနဲ့ ချက်ခြင်းဆိုသလို.. ဟာ ငါ...
ဒူးရင်းခြံပိုင်​ရှင်ဖြစ်သွားပြီ သိပ်မကြာခင်မှာ
ဒူရင်သီးဝယ်စား စရာမလို့တော့ဘူးဆိုပြီး
ဘယ်လို့ပဲဖြစ်ဖြစ်စိတ်ကျေနပ်မှု ပိုရတယ်

ငွေရှိတဲ့ သူတွေအတွက်တော့ အပင်ကြီးကပိုကောင်းပါတယ်

မွန်ထောင် မှုစံကင် ချာနီ ကန်ကလေး မီးချောင်းခေါင်းစသဖြင့် အပင်ငယ်စိုက်ပျိုးသူတွေက စျေးသက်သာပေးမဲ့ အချိန်ကြာတယ်လို့ စိတ်ထဲမှာ
ရင်မောစရာကြီး...

ဒါကြောင့်မို့ ဒူးရင်းစိုက်ပြီး
ဘယ်နှစ် နှစ်တွင်အသီးသီးနိုင်ပါသလဲ..ဆိုတဲ့
မေးခွန်းက ကိုယ်စိုက်ပျိုးမည့် ပျိုးပင်ရဲ့အသက်
ပေါ်မှာပဲ မှုတည်မယ်လို့ ထင်ပါတယ်

ဒူးရင်းပင် အပင်ကြီးနဲ့ အပင်ငယ်စိုက်ပျိုးသည့်
နေရာမှာ အားနည်းချက် အားသာချက်တော့ ရှိပါတယ်

အပင်ကြီးသည် အပင်ငယ်ထက် အရွက်နုထွက်တာ
ပိုနောက်ကျတယ် အမြစ်နုထွက်တာလည်း
ပိုနောက်ကျတယ် ရာသီဉတုဒဏ်ကိုလည် အပင်ငယ်တွေလို့ ခံနိုင်ရည်ခြင်းမရှိပါဘူး..

အပင်ကြီးကပြုစုရတာပိုခက်ခဲပြီး ဒူးရင်းအကြောင်းကိုမသိရင်တော့ ဆုံးရှုံးမှု့ပိုများတယ်

ဒူးရင်းပင်အကြောင်းသိတတ်နာလည်ထားရင်တော့
ဖြင့် အပင်ငယ်ထက် အကြီးကပိုပြီးအကျိုး
ရှိပါတယ်

အပင်ငယ်က အပင်ကြီးထက်ပိုပြီးပြုစုရပိုပြီး
လွယ်ကူစေပါတယ်

ရာသီဥတု ဒဏ်လည်ခံနိုင်ရည်
ပိုမြင့်ပါတယ် ရေသောက်မြစ်ဖြတ်ပြီး မြေချစိုက်ပျိုးရုံနဲ့အရွက်နုထွက်တာပိုမြန်ပြီး အမြစ်အာလည်း ပိုကောင်းမွန်စေပါတယ်

ဒူးရင်ပင်အကြောင်းကို နည်းနည်ပါးပါး သိထားရုံဖြင့် မည်သူမဆို စိုက်ပျိုးနိုင်မည့် အပင်အရွယ်လည်းဖြစ်ပါတယ်

ဒူးရင်းပင်ကြီးကို စိတ်ဝင်စားသူက အပင်ကြီး
စိုက်ပေါ့ အပင်ငယ်ကိုစိတ်ဝင်စားသူက အပင်ငယ်
စိုက်ပေါ့..ဗျာ



Credit

image