အိုးကပ်ဖက်ထုပ်♡ 
Pan fried Dumplings (Guo Tie) 
❀ ❀ ❀ ❀ ❀ ❀ 
ဖက်ထုပ်ကြော်ဖက်ထုပ်ပြုတ်ဆိုတာအားလုံးနဲ့ရင်းနှီးပြီးသားအစားအစာတခုပါ။Dimsumတွေမှာလည်းထည့်ပေးလေ့ရှိပါတယ်။နှစ်သက်ရာအသားဖြင့်ပြုလုပ်နိုင်ပြီးအဓိကမှာအပြင်အခွံသားဖြစ်ပါတယ်။ဖက်ထုပ်ပြုလုပ်နည်းအမျိုးမျိုးရှိတဲ့အပေါ်မှာဖက်ရွက်မှာလည်းလုပ်နည်းကွဲပြားမှုများရှိပါတယ်။အိုးကပ်ဖက်ထုပ်ပြုလုပ်ရန်သင့်တော်သောဖက်ပြုလုပ်နည်းမျှဝေပေးလိုက်ပါတယ်။ 
အိုးကပ်ဖက်ထုပ်ရွက်ပြုလုပ်ပုံ 
***************** 
(၂၅ခုစာ) 
ဂျုံမှုန့် (All purpose flour)- ၂၀၀ဂရမ် 
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း 
ရေဆူ - ၁၂၀ ml 
ဆီ - တစ်ဇွန်း စားပွဲဇွန်း 
ဂျုံ - တစ်ပန်းကန်(လက်ကိုင်ဂျုံ) 
ပြင်ဆင်ပြုလုပ်ပုံ 
******* 
1.ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေဆူကိုနည်းနည်းဆီထည့်ပြီးဇွန်းဖြင့်သမအော င်မွေပေးပါ။ 
2.လုံးလာပြီးလက်ဖြင့်ကိုင်၍ရသောအနေအထားရောက်ပါကလက်ဖြင့်နယ်ပေးပါ။ဂျုံအနည်းငယ်ြ ဖူးပြီးနယ်ပေးပါ။ချောမွေ့လာပါကဆယ်မိနစ်ခန့်ဖုံး အုပ်ပြီးနှပ်ထားပါ။ 
3.နှပ်ပြီးပါကဂျုံလုံးကိုအရှည်လိုက်လိမ့်ပေးပြီး၂၅လုံးညီတူမျှတူပိုင်းဖြတ်ပါ။ 
4.တစ်ပိုင်းဆီကိုဂျုံမှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့့်ပါ။ 
5.ပြီးလျှင်ဂျုံမှုန့်ဖြူးပြီးထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။ 
❀အများအပြားထပ်မထားရကပ်သွားတတ်သည်။ 
ပါဝင်ပစ္စည်း 
***** 
ဖတ်ထုပ်ရွက် - ၂၅ရွက် 
ကြက်သား - ၁၅၀ ဂရမ် 
မုန်ညင်းဖြူ - ၄ရွက် 
ကြက်သွန်မိတ်/ကျိုချိုက် - အနည်းငယ် 
ဆား - တစ်ဇွန်း (လ္ဘက်ဇွန်း) 
သကြား- ဇွန်းတဝက် 
ငရုပ်ကောင်းဖြူမှုန့် - တစ်ဇွန်း 
ခရုဆီ - တစ်ဇွန်း 
ပြောင်းဖူးမှုန့် - တစ်ဇွန်း 
ဂျင်း - သေးသေးစိတ် တစ်ဇွန်း 
နှမ်းဆီမွေး - ၂ဇွန်း 
ပြင်ဆင်ပြုလုပ်ပုံ 
******* 
1.ကြက်သားကိုနုတ်နုတ်စင်းထားပါ။မုန်ညင်းဖြူကိုရေနွေးဖျောပြီးရေညစ်ထားကာနုတ်နုတ်စင်းထည့်ပါ။ကြက်သွန်မိတ်/ကျုံချိုက်တို့ကိုေ သးသေးစိတ်ထည့်ပါ။ 
2.ဆား၊သကြား၊ပြောင်းမှုန့်၊နှမ်းဆီ၊ငရုပ်ကောင်း မှုန့်ဂျင်းတို့ကိုထည့်ပြီးတူဖြင့်စေးလာအောင်မွေပေးကာအဖုံးအုပ်ပြီးရေခဲသေတ္တာတွင်မိနစ်သုံးဆယ်ခန့်နှပ်ထားပါ။တညကျိုနပ်ထား၍လည်းရပါတယ်။ 
(ဟင်းချက်ဝိုင်အသုံးပြုပါကအနည်းငယ်ထည့်နိုင်ပါတယ်) 
3.ဖက်ထုပ်ဖက်ကိုလက်ပေါ်တင်ပြီးနှပ်ထားသောအသားကိုထည့်ကာအနားသားလေးများခေါက်ကာပုံဖော်ပေးပါ။ 
4.အားလုံးထုပ်ပြီးသွားပါကရေနွေးအိုးတလုံးတည်ထားပါ။ 
5.ဆူပွက်ပါကထုပ်ထားသောဖက်ထုပ်လေးများကိုထည့်ပြီးတမိနစ်ခွဲခန့်ပြုတ်ပြီးဆယ်ယူရေစစ်ထားပါ။ 
6.အိုးကပ်ဖက်ထုပ်ပြုလုပ်ရန်အိုးမကပ်သောဒယ်တွင်ဆီအနည်းငယ်ထည့်ပြီးအပူပေးပါ။ 
7.ပြုတ်ထားသောဖက်ထုပ်လေးများကိုစီထည့်ပေးကာအနေတော်မီးဖြင့်ကြော်ပေးပါ။ရေတဇွန်းထည့်ပေးပြီးရေခမ်းဆီပြန်အနည်းငယ်ရွှေရောင်သမ်းလာပါကပန်းကန်တွင်ပြောင်းထည့်ကာဆော့စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။ 
❀အိုးကပ်ဖက်ထုပ်ပြုလုပ်ရာတွင်နည်းနှစ်နည်းဖြင့်ပြုလုပ်နိုင်ပါတယ်။ရေနွေးတွင်မပြုတ်ဘဲအစိမ်းကိုတိုက်ရိုက်အိုးတွင်စီထည့်ပြီးပြုတ်ကြော်ပုံစံလည်းပြုလုပ်နိုင်ပါတယ်။ရေနွေးဖြင့်ပြုတ်ပြီးလုပ်သောနည်းမှာပိုနူးညံ့ပါတယ် ။ 
အချဉ်ပြုလုပ်နည်း 
********* 
အချဉ်ရည်(ပန်းသီး) - တစ်ဇွန်း စားပွဲဇွန်း 
ပဲငံပြာရည် - ၂ဇွန်း 
ရေ - ၃ဇွန်း 
သကြား - တစ်ဇွန်း 
ဂျင်း - လက်နှစ်ဆစ်(အမျှင်) 
နံနံပင် - နှစ်ပင် 
နှမ်းလှော်ထောင်း - တစ်ဇွန်း 
ပါဝင်ပစ္စည်းများအားလုံးကိုရောစပ်ပြီးအပေါ့အငံပြုပြင်ပြီးတွဲဖက်တည်ခင်းနိုင်ပါပြီ။ 
...........