8 w - Translate

Myanmar Fala Fala အထည်ချုပ်စက်ရုံတွင် အလုပ်သမာများ တတိယမြောက်နေ့ တောင်းဆိုနေ

ဇူလိုင် ၂၁ ၊ ၂၀၂၅

Myanmar Fala Fala Clothing အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ရက်တွက် ဒေးကြေး နဲ့ တခြားရပိုင်ခွင့်တွေ တိုးမြှင်ပေးဖို့ ဒီကနေ့ ဇူလိုင် ၂၁ ရက်မှာ တတိယမြောက်နေ့ ဆက်လက်တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ချုပ် အလုပ်သမား ၃၀၀ ကျော် ပါဝင်တောင်းဆိုနေပြီး စက်ရုံဝန်းသွား သွားလာမှုကို ကန့်သတ်ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
"စက်ရုံဘေးဘက်ကို သံဇကာ‌ တွေနဲ့ ကာထားတယ်၊ နောက် ကား‌ တွေနဲ့ ထပ်ပြီး ပိတ်လိုက်တယ်။ တောင်ဆိုနေတဲ့ အလုပ်သမားတွေ သောက်ရေလည်း ခပ်မရတော့ဘူး၊ သန့်စင်ခန်းလည်း သုံးမရဘူး။ ပိတ်ထားတာ အလုပ်သမားတွေ စက်ဝန်းထဲ ဆန္ဒပြ မရအောင် လုပ်ထားတာပါ။"လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒေးကြေးကျပ် ၁၀၀၀၀ ကနေ ၁၂၀၀၀၊ အိုတီကြေး ၂၁၀၀ ကနေ ၂၇၀၀ တိုးပေးဖို့၊ ရက်မှန်ကြေး ကို ညနေ ၄ နာရီခွဲ ဂိတ်ပတ်ယူရင် မဖြုတ်ဖို့တောင်းကို အလုပ်သမား တွေက တောင်းဆိုနေပါတယ်။
Myanmar Fala Fala Clothing အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်းမှာ ရှိပြီး လုပ်သား ၂၀၀၀ ဝန်းကျင်လုပ်ကိုင်နေပါတယ်။

imageimage