မြေဆီသာကောင်းရင် ဘာပဲစိုက်စိုက် ကောင်းနေမှာပါ - အပင်တစ်မျိုးခြင်းစီဟာ မတူညီတဲ့ မြေပုံစံတွေမှာ ကောင်းမွန်စွာကြီးထွားနိုင်ကြပါတယ်။  
- အပင်လေးတွေကြိုက်တဲ့ မြေအမျိုးအစားတွေကတော့ မြေသားပွသောမြေနဲ့အပင်အတွက်လိုအပ်တဲ့ ဓာတ် 16 မျိုးလုံးပြည့်ဝ စွာရှိတဲ့မြေတွေကို ကြိုက်ကြပါတယ်။  
ဓာတ် 16 မျိုးဆိုတာက  
 Carbon 
 Hydrogen 
 Oxygen  
 Nitrogen 
 Phosphorus 
 Potassium 
 Calcium 
 Sulphur 
 Magnesium 
 Boron 
 Manganese 
 Copper 
 Lead 
 Chlorine နဲ့  
 Molybdenum တို့ပဲ ဖြစ်ပါတယ်။ 
 အကယ်၍မြေမှာ အပင်အတွက် လိုအပ်တဲ့ဓာတ်တွေထဲက ဓာတ်တစ်ခုခု ချွတ်ယွင်းခဲ့ပါက အပင်မှ ချက်ချင်းတုန့်ပြန်တဲ့ သက်ရောက်မှုတစ်ခုကို အရင်ဆုံး အရွက်မှာတွေ့နိုင်ပါတယ်။  
 အကယ်၍များ အရွက်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ချို့ ဖြစ်တဲ့ အရွက်တွေဝါတာ (ဒါမှမဟုတ်) အရွက်တွေကြွေတာ တွေ့ရမယ်ဆိုရင် အပင်တွေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါဝင်တဲ့ မြေသြဇာမျိုးကို အသုံးပြုဖြည့်တင်း ပေးခြင်းဖြင့် မိတ်ဆွေတို့ရဲ့ အပင်တွေကို ကောင်းမွန်စွာ ကြီးထွား စေနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။