15 ပတ် - ဘာသာပြန်ပါ။

အုန်းနို့ သာကူ ကျောက်ကျော ပြုလုပ်နည်.....။
******************
ကျောက်ကျောလုပ်ရတာ ဝါသနာမပါပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ်ထဲမှာ အုန်းနို့ သာကူ ကျောက်ကျော ဆိုပြီး တွေ့တာနဲ့ သာကူဆို ကြိုက်တာမို့ မနေနိုင်လို့ စမ်းလုပ်ကြည့်မယ်ဆိုပြီး စမ်းရင်းနဲ့ လုပ်ဖြစ်သွားပါတယ်။ Fri တို့ရေ....... ပြီးတော့ အတော်လေးစားကောင်းတာနဲ့ အတောမသတ်ဖြစ်သွားပါတယ်.....!!!😋

ပါဝင်ပစ္စည်းများ.........
* သာကူ--- ၅ ကျပ်သား
* ကျောက်ကျောမှုန့် (AGAR AGAR တံဆိပ်) 1 ထုပ်
* သကြား --- ၁၀ ကျပ်သား
* အုန်းနို့ Cream --- ဘူးသေး ၁ ဘူး
* ဆား --- မန်ကျည်းစေ့ခန့်
* ဆွမ်းမွှေးရွက် --- ၅ ရွက် (ဒါမှမဟုတ် စားသုံးဆိုးဆေး)
* ရေ---နို့ဆီဘူး ၂ဘူး

ပြုလုပ်နည်း..........
၁။ ဆွမ်းမွှေးရွက်ကို ကြိတ်ခြေပါ ရေနဲနဲ စိမ်ထားပြီး အရည်စစ်ယူပါ။ အဖတ်ကို ထုပ်ပြစ်ပါ။ (စားသုံးဆေးသုံးရင် လုပ်စရာမလိုပါ။ ဒါမှမဟုတ် မထည့်လဲရပါသည်။)

၂။ သကြား၊ ဆား၊ ရေ၊ ကျောက်ကျောမှုန့်တို့ကို ဖျော်ပါမယ်။ ဖျော်ပြီးသား ၃ ပုံ ၁ ပုံ ကို ဆွမ်းမွှေးရည်ထည့်ကျိုပါ။ ကျိုပြီး ၁၀မိနစ်လောက်ကြာရင် ပြစ်လာပါတယ် ။ ပြစ်လာတာနဲ့ ထည့်မဲ့ ပုံစံခွက်ထဲ လောင်းထည့် အအေးခံထားပါ။

၃။ ကျန် ၂ ပုံကို ကျိုပါ။ ဆူပြီး ခဏနေရင် အုန်းနို့ ထည့်ပြီးကျိုပါ။ ၁၀မိနစ်လောက်ကြာလို့ပြစ်လာရင် ဇလုံ တစ်လုံးထဲမှာ ရေနွေးထည့်ပြီး အပေါ်ကအိုးကို တင်ပြီးချ ထားပါ။ (အေးရင်ခဲသွားမှာစိုးလို့ပါ)

၄။ သာကူကိုသပ်သပ် အိုးတစ်လုံးနဲ့ ရေ နို့ဆီဘူးနှစ်ဘူးထည့်ပြီးပြုတ်ပါ။ အစေ့ပြောက်ရင် ရေသွန်ပြစ်ပြီး သာကူကို အုန်းနို့ရေကျိုပြီးသားထဲ လောင်းထည့်မွှေပေးပြီး ပထမဆွမ်းမွှေး ကျောက်ကျော ရည်ထည့်ထားတဲ့ ခွက်ရဲ့ မျက်နှာပြင်တင်းလာတဲ့ အတွက် အပေါ်ကိုအသာလေး လောင်းထည့်ပါ။
ခဏကြာ အအေးခံပြီး အေးရင် ရေခဲသေတ္တာထဲထည့် လိုသလိုလှီးဖြတ်စားသုံးနိုင်ပါတယ်။
မွှေးပြီးအရသာရှိတဲ့ ကျောက်ကျောလေးပါ။

၅။ ဆွမ်းမွှေးရွက် မရှိလို့ အောက်ခံ အရောင်လှလှလေးလိုချင်ရင်တော့ အစာသုံးဆိုးဆေး (ကြိုက်တဲ့ အရောင်) အရည်တစ်စက် (သို့) အမှုန့် ငရုတ်ကောင်းစေ့ တစ်စေ့စာ ရေနဲ့ ဖျော်ပြီး ဆွမ်းမွှေးရွက်အစား ထည့်ပါ။
အရောင်နဲ့ ကျောက်ကျောရည် ပထမ ၃ ပုံ ၁ ပုံ ထည့်ပြီး အအေးခံထားတဲ့မျက်နှာပြင်မတင်းသေးဘဲ လောင်းထည့် လိုက်ရင်လည်း ရပါတယ်။ အရောင်ကျားကျားလေး ဖြစ်သွားပေါ့ တစ်မျိုးအမြင်ဆန်းပါတယ်။
အရသာရှိစွာ ပြုလုပ်စားသုံးနိုင်ကြပါစေ.......။

PHOTO CREDIT

image