ရဲရဲဝံ့ဝံ့ စွန့်လွှတ်တတ်ဖို့
**********************
တစ်စုံတစ်ရာဟာ အမြဲကိုယ့်ကို ဝမ်းနည်းမှု ၊ စိတ်ပင်ပန်းမှုတွေ ပေးတဲ့အပြင် နာကျင်ခံစားစေရင် အဲဒီအရာကို လက်လွှတ်လိုက်တာ ပိုကောင်းပါတယ် ။
🟡 အချစ်ရေးဖြစ်စေ...
🟡 Friendship ဖြစ်စေ...
🟡 မိတ်ဆွေ ဖြစ်စေ...
လက်လွှတ်လိုက်တဲ့ ခဏတာအတွင်း ခံစားရတဲ့ နာကျင်မှုကို ရွေးမလား ၊ အတင်းဖက်တွယ်ပြီး အချိန်အကြာကြီး နာကျင်မှုကို ရွေးမလားဆိုတာတော့ သင့်အပေါ် မူတည်သလို သင့်ရွေးချယ်မှုနဲ့ ဆိုင်ပါတယ် ။
တစ်ဘဝစာပဲ ရှင်သန်ခွင့်ရတာမို့ ပျော်ပျော်လေးပဲ နေစေချင်တယ် ။ ကိုယ့်တန်ဖိုးကို မြင်အောင်ကြည့်တတ်တဲ့ လူအနား နေစေချင်တယ် ။ သင့်ကို သိမ်ငယ်မှုတွေ ခံစားစေတဲ့ ရပ်ဝန်းမှာ ဆက်နေဖို့ ကိုယ် အားမပေးပါ ။ စွန့်လွှတ်စရာရှိတာ ရဲရဲဝံ့ဝံ့ စွန့်လွှတ်နိုင်တဲ့ သတ္တိရှိပါ ။ Let go လုပ်နိုင်တဲ့အချိန် သင့်ဘဝလည်း အများကြီး လွတ်လပ်ပေါ့ပါးလာပါလိမ့်မယ် ။
#ပျော်ရွှင်ခြင်းအနှစ်သာရ #နူးနူးအောင်