လကမ္ဘာသို့ နှစ်ပတ်လည်
ဇူလိုင်လ ၂၀ ရက်နေ့ဟာ လူသားတွေရဲ့ အာကာသသိပ္ပံသမိုင်းမှာ ထူးခြားတဲ့နေ့တစ်နေ့ပါ။
အရွယ်စရောက်တဲ့ ကလေးတစ်ယောက် လမ်းစလျှောက်ခဲ့သလိုပဲ၊ ကျွန်တော်တို့ လူသားတွေဟာ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့မှာ ကမ္ဘာရဲ့အပြင်ဘက်က လမျက်နှာပြင်အပေါ်ကို ပထမဆုံးအကြိမ် ခြေလှမ်းစချနိုင်ခဲ့ပါတယ်။
သိပ္ပံပညာရဲ့ အကူအညီနဲ့ လူသားတွေရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေကြောင့်ပဲ ရှေးခေတ်က ဒဏ္ဍာရီပုံပြင်တွေထဲက လကမ္ဘာဟာ လူသားတွေရောက်ရှိနိုင်ခဲ့တဲ့ အာကာသခရီးတစ်ထောက်မှတ်တိုင် ဖြစ်လာခဲ့ပါတယ်။
ဒီနေ့မှာ လူသားတွေ လပေါ်ကို ဆင်းသက်နိုင်ခဲ့တာဟာ နှစ်ပေါင်း ၅၆ နှစ်ပြည့်မြောက်ခဲ့ပါပြီ။

image