21 w - Translate

Foreclosure 2 (2024)”သရဲအိမ်”
===========================
2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ သရဲကား Foreclosure ရဲ့ အဆက်မဟုတ်ပေမဲ့ ဒါရိုက်တာတူ
ဇာတ်လမ်းဆင်တဲ့ Foreclosure 2 ကို ဟော်ရာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
Foreclosure ကို အနီးစပ်ဆုံးဘာသာပြန်ရမယ်ဆိုရင်တော့ အပေါင်ဆုံးတာလို အဓိပ္ပါယ်ရမယ်ထင်ပါတယ်။
ဒီ Foreclosure 2 ဟာလည်း သူ့ရဲ့ ပထမကားလိုပါပဲ သမီးရည်းစားတစ်တွဲ စုထားဆောင်းထားသမျှငွေလေးတွေနဲ့
အိမ်ဝယ်ဖိုလုပ်ရင်း သရဲခြောက်ဖူးတဲ့အိမ်တစ်အိမ်ကို သွားရှာတွေ့ပါတယ်။
သရဲခြောက်ဖူးတယ်ဆိုတာက အရင်က သရဲခြောက်တယ်လိုနာမည်ကြီးပြီး အခု သရဲမခြောက်တော့တာကိုခေါ်တာပါ။
သူတိုကို ပွဲစားက အဲဒီလိုအမှန်အတိုင်းပြောရောင်းပေမဲ့ သရဲဇာတ်လမ်းတွေကို စာအုပ်ရေးဖိုကြိုးစားနေတဲ့
မင်းသမီးဖြစ်သူက သရဲတွေနဲ့ ကြုံရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ရည်းစားသဘောမတူတဲ့ကြားက
အဲဒီအိမ်ကြီးကို အတင်းဝယ်လိုက်တဲ့အခါမှာတော့.. သရဲတွေနဲ့ တွေ့ရမှာလား.. ဘယ်လိုအဖြစ်တွေနဲ့ကြုံတွေ့ရမှာလဲ..
ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ခြောက်ခြားဖွယ်ရာ တွေ့မြင်ကြရမှာပါ…။

image