အာပူလျှာပူသုပ် လုပ်နည်း...။
တစ်ယောက်နဲ့တစ်ယောက် လုပ်နည်းလေးတွေတော့ ကွဲနိုင်ပါတယ်။ အိမ်မှာ အလွယ်လုပ်စားနေကျ နည်းလေးပါရှင့်..။
ကိုယ်အဆင်ပြေတဲ့ ငါးကို သေချာရေဆေးသန့်စင်ပြီး
ငရုပ်သီးစိမ်း ခပ်များများရယ်၊ ဆားအနည်းငယ်၊ နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ငါးမြုတ်အောင်ရေထည့်ပြီး မီးနစ် ၂၀ လောက် ပြုတ်ပါ။
ကျန်နေတဲ့ငါးပြုတ်ရည်အိုးထဲ စိမ်းစားငပိရေဖျော် ထည့်ပါ။
ရေလိုရင် ရေထပ်ထည့်ပါ။
ဆား၊ အချိုမှုန့်၊ ကြက်သားမှုန့် ထည့်ပါ။
စိမ်းစားငပိ ရေဆူလာရင် အသားနွှင်ထားတဲ့ငါးတွေ ထည့်ပါ။
ပြီးရင် ငရုပ်သီးကြိတ်ထားတာ ထည့်ပါ။
နောက်ဆုံးငရုပ်ကောင်း ကြက်သွန်ဖြူ ထောင်းထားတာထည့်ပါ။
ပြီးရင် ကိုယ်ကြိုက်တဲ့ ရေအပျစ်အကြဲအနေအထားရတဲ့အထိ တည်ပေးပြီးရင် အရသာမြည်းကြည့်။
အရသာအနေတော်လေးရပြီးဆို စားကောင်းတဲ့ အာပူလျှာပူသုပ် အနှစ်ရည် ရပါပြီး....။ 😋
Credit