Stress က ကျွန်တော်တို့ကို ဘယ်လို နာမကျန်းဖြစ်စေနိုင်လဲ။
စိတ်ဖိစီးမှု (Stress) ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှုတစ်ခု ဖြစ်ပေမဲ့ အကြာကြီး စိတ်ဖိစီးနေမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Stress ကနေ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့-
-ရင်ဘတ်အောင့်ခြင်း (Chest Pains)
Stress များတဲ့အခါ ရင်ဘတ်ထဲမှာ တင်းကျပ်တာ၊ အောင့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါက နှလုံးနဲ့လည်း ဆက်စပ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
-အာရုံစူးစိုက်မှုအားနည်းခြင်း (Lack of Focus)
စိတ်ဖိစီးမှုများတဲ့အခါ ဦးနှောက်က အာရုံစူးစိုက်ဖို့ ခက်ခဲလာပြီး ဘာလုပ်ရမှန်း မသိတာမျိုး ဖြစ်တတ်ပါတယ်။
-ဆံပင်ကျွတ်ခြင်း (Hair Loss)
Stress က ဟော်မုန်းတွေကို ပြောင်းလဲစေပြီး ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။
-အားအင်မရှိခြင်း (No Energy)
အမြဲတမ်း ပင်ပန်းနွမ်းနယ်နေပြီး ဘာမှလုပ်ချင်စိတ် မရှိတာမျိုး ဖြစ်နိုင်ပါတယ်။
-နှလုံးခုန်နှုန်းမြန်ခြင်း (Increased Heart Rate)
Stress က ခန္ဓာကိုယ်ထဲမှာ adrenaline လို ဟော်မုန်းတွေကို ထုတ်လွှတ်ပြီး နှလုံးခုန်နှုန်းကို မြန်စေပါတယ်။
- ကြွက်သားတင်းမာခြင်း (Muscle Tension)
ပခုံး၊ လည်ပင်းနဲ့ ကျောပြင်တွေမှာ ကြွက်သားတွေ တင်းမာပြီး နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။
-ဗိုက်အောင့်၊ ပျို့၊ ရင်ပူခြင်း (Upset Stomach Nausea Acid Reflux)
Stress က အစာခြေစနစ်ကို ထိခိုက်စေပြီး ဗိုက်အောင့်တာ၊ ပျို့တာ၊ ရင်ပူတာနဲ့ အက်ဆစ်ပြန်တက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
-Adrenal Fatigue
Adrenal gland တွေဟာ Stress ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ Stress များရင် ဒီဂလင်းတွေ ပင်ပန်းနွမ်းနယ်ပြီး ကောင်းစွာ မလုပ်ဆောင်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။
-အိမ်ထောင်ရေးစိတ်ဆန္ဒ လျော့နည်းခြင်း
Stress က ဟော်မုန်းတွေကို ပြောင်းလဲစေတာကြောင့် သဘာဝဆန္ဒကို လျော့နည်းစေနိုင်ပါတယ်။
ဒီလက္ခဏာတွေထဲက တစ်ခုခု ခံစားနေရပြီဆိုရင် Stress ကို စနစ်တကျ စီမံခန့်ခွဲဖို့ အရေးကြီးပါတယ်။ လိုအပ်ရင် ဆရာဝန်၊ ဒါမှမဟုတ် စိတ်ကျန်းမာရေး ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးဖို့လည်း တိုက်တွန်းချင်ပါတယ်။
ကျန်းမာကြပါစေ။