ဘုရား တရား သံဃာရဲ့ ကျေးဇူးဆိုတာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဘုန်းကြီးတို့တတွေ
ဘုရားသာသနာနဲ့ မကြုံရဘူး။
ဘုရားဟောတဲ့ တရားတော်တွေကို
မနာရဘူး ဆိုလို့ရှိရင်
အသိဉာဏ်အနေနဲ့ စဉ်းစားကြည့်။
ဒါက အပြစ်ရှိသလား ...
ဒါက အပြစ်မရှိဘူးလား ...
ဒါက ကုသိုလ်လား ...
ဒါက အကုသိုလ်လား ...
ဒါက လုပ်ထိုက်သလား ...
ဒါက မလုပ်ထိုက်ဖူးလား ဆိုတာကို ...
ကွဲကွဲပြားပြား သိဖို့
အင်မတန်မှ ခဲယဉ်းပါတယ်။
တရားနာရလို့သာ....
လုပ်သင့်တာနဲ့ မလုပ်သင့်တာ....
အပြစ်ရှိတာနဲ့ အပြစ်မရှိတာ....
ကုသိုလ် နဲ့ အကုသိုလ် ....
ဒီလို ကွဲပြားခြားနားမှုကို သိနေရတာ ...
🙏 မြတ်စွာဘုရားရဲ့ ကျေးဇူးပဲပေါ့ 🙏
တရားကို လိုက်နာကျင့်သုံးကြရလို့ ....
စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ....
အကုသိုလ် နီဝရဏတွေ ကင်းပြီး ....
စိတ်ကြည်ကြည်လင်လင်နေရတာ ....
သေတဲ့နောက်....
ကောင်းရာသုဂတိ နတ်ရွာ နိဗ္ဗာန် ....
နှစ်တန်သောချမ်းသာကို ရတာ ....
🙏 တရားတော်ရဲ့ ကျေးဇူးပဲပေါ့ 🙏
အဲဒီတရားတော်တွေကို မပျောက်ပျက်အောင်
လက်ဆင့်ကမ်း သင်ယူလာတာ....
အဲဒီတရားတော်တွေကို ပြန်လည်ဟောပြ...
သင်ပြပေးတာ အဲဒါ ....
🙏 သံဃာတော်
အရှင်သူမြတ်တွေရဲ့ကျေးဇူးပဲပေါ့ 🙏
ကျေးဇူးရှင် ဘုရား၊ တရား၊ သံဃာ
ရတနာမြတ်သုံးပါးကို ....
ဘယ်တော့မှ ကျေးဇူးမမေ့ကြပါနဲ့ ။
ဘယ်တော့မှ ကျေးဇူးမကန်းကြပါနဲ့လို့
အထူးမှာလိုပါတယ်။
#ပါချုပ်ဆရာတော်ဘုရားဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

image