ယခုချိန်ဝယ်ဆင်ခြင်ဖွယ်
မရဏာနုဿတိ
☠☠☠☠☠☠☠☠☠
မရဏဿတိ
( မရဏာနုဿတိ) အကျိုး ၁၂မျိုး ။
၁. သေခြင်းကို အဖန်ဖန်အထပ်ထပ် နှလုံးသွင်းမှုအစွမ်းဖြင့် အဖန်တလဲလဲမှီဝဲခင်းဟူသည့် အာသေဝနပစ္စည်းကို ရ၏။ သေခြင်း၌အာရုံရှိသော သတိကိုတည်၏။
၂. နီဝရဏတို့ငြိမ်းကုန်ပြီး စျာန်အဂ်ါထင်ရှားစွာဖြစ်ပေါ်လာ၏ ။ ဥပစာရစျာန်ကိုရရှိပါ၏။
၃. အဖန်တလဲလဲအားထုတ်သောရဟန်းယောဂီတို့သည် အမြဲမပြတ်မမေ့မလျော့ခြင်းဖြစ်ပေါ်ပါ၏။
၄. အလုံးစုံသော ဘဝဂတိ ( ဘုံဘဝကိုးပါး) ၌ မမွေ့လျော်ခြင်းဟူသော အမှတ်သညာကို ရရှိပါ၏။
၅. အသက်၌ ကပ်ငြိတွယ်တာခြင်းဟူသည့် နိကန္တိတဏှာကို ပယ်စွန့်ပါ၏။
၆. မကောင်းမှုကို စပ်ဆုပ်ပါ၏။
၇. သိုမှီးသိမ်းဆည်းမများခြင်းသည် ဖြစ်၏။
၈. ပစ္စည်းပရိက္ခရာတို့၌ ဝန်တိုမှုကင်းရ၏။
၉. ထိုယောဂီအားလည်း အနိစ္စသညာသည်လည်း လေ့လာခြင်းသို့ ရောက်၏။
၁၀. ထိုအနိစ္စသညာကို လေ့လာခြင်းကြောင့် ဒုက္ခသညာ,အနတ္တသညာ,တို့သည်လည်း ထင်ရပါ၏။
၁၁. မရဏဿတိကမ္မဋ္ဌာန်းကို မပွားများသူတို့သည် သေခါနီးကာလ၌ သားရဲ,ဘီလူး,မြွေ, ဓားပြ, သူခိုး, လူသတ်သမားတို့၏ ရုတ်တရက်အနှိပ်စက်ခံရသကဲ့သို့ - ကြောက်ခြင်း,ထိတ်လန့်ခြင်း, တွေဝေခြင်းသို့ ရောက်ရပါ၏။
မရဏဿတိပွားသူတို့သည် ကြောက်ခြင်း, ထိတ်လန့်ခြင်း, တွေဝေခြင်း,မရှိဘဲ သေကြရပါ၏။
၁၂. အကယ်၍ မျက်မှောက်ဘဝ၌ အမြိုက်နိဗ္ဗာန်ကို မရသည်ရှိသော် ခန္ဓာကိုယ်ပျက်ကြွေ၍ သေသည်၏နောက်၌ သုဂတိဘဝသို့ ရောက်ရပါ၏။
အသိများတိုးပွား၍ အကျင့်များကို ကျင့်ကြံနိုင်ကြပါစေလို့...
စေတနာဖြင့် -* အမြတ်နွယ် *
