21 w - Translate

ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ အခုလောက်ထိ ရ က်ရ က်စက်စက်
လုပ်ရပ်တာလဲ🥹🥹

၁၆ရက်နေ့ကထိုင်းမှာနာမည်ကြီး သတင်းတပုဒ်ကို မျှဝေပေးပါမယ်ဗျ

ထိုင်းနိုင်ငံ စမွတ်ဆာခေါခရိုင်တွင် ခင်ပွန်းဖြစ်သူရဲ့ထိုးကြိတ်နှိပ်စက်တာ မခံနိုင်တော့တဲ့
ဇနီးဖြစ်သူက ကလေးနဲ့အတူ ထွက်ပြေးခဲ့ရ .. ခင်ပွန်းက
ဇနီးဖြစ်သူကို ပြန်ချော့ပြီးခေါ်သော်လည်း ဇနီးကပြန်
မလိုက်တော့လို့ ကလေးကို တွေ့ချင်တယ်ဆိုပြီး
လိမ်ပြောခေါ်တာကို ဇနီးဖြစ်သူက ရိုးရိုးသားသားခေါ်
တယ်ထင်ပြီး ကလေးကိုခေါ်လာ ပေးတွေ့တဲ့အခါ
အခန်းပိတ်ပြီး ထိုးကြိတ် မီးပူနဲ့ မျက်နှာ၊ ခြေ ၊ လက်တွေပါ
မကျန်မီးပူနဲ့လိုက်ကပ်တာ ဇနီးဖြစ်သူ သတိလစ်သွားတဲ့
အထိကို ရက်ရက်စက်စက်နဲ့ နှိပ်စက်တယ်

ဇနီးဖြစ်သူသတိလစ်ပြီး သတိပြန်လည်ရလာတော့
သူမကိုဆေးရုံပို့ပေးရန် တောင်းဆိုသော်လည်း ဆေးရုံ
မပို့ပေးဘဲ ငါပဲကုပေးမယ်လို့ပြောတယ် ။

ခင်ပွန်းမရှိချိန် ပြတင်းပေါက်ကနေ ထွက်ပြေးခဲ့ပြီးမှ
အနီးအနားအိမ်နီးချင်းကို အကူညီတောင်းကာ ဆေးရုံသို့
ပို့ပေးကြောင်းသိရတယ် ။

အိမ်ထောင်သက် ၈..၉နှစ်ရှိပြီး သားသမီး၂ ယောက်ရှိတယ်လို့သိရတယ်ဗျ

ဘယ်လိုအမှားမျိုးပဲဖြစ်နေပါစေ တဖက်လူတယောက်ကိုအဲ့လောက်ထိလုပ်စရာမလိုဘူး အနာဒဏ်ရာတွေကိုကြည့်ခြင်းအားဖြင့် လူသားမဆန်တဲ့လုပ်ရပ်ပဲ တယောက်ပေါ်တယောက်မချစ်တော့ဘူးဆို ကိုယ့်လမ်း ကိုယ်သွားလွတ်ချလိုက်တာအကောင်းဆုံးပါလို့ ဖိကန်ကျောမ်ဖလန် ကပြောပါတယ်

အခုတော့ ဖိကန်ကျောမ်ဖလန်နဲ့ ရဲတပ်ဖွဲ့များက ဒီအမျိုးသမီးအမှုကို အစဆုံးလိုက်ပါဆောင်ရွက်ပေးနေကြပါပြီ

Crd

image