21 w - Translate

နောင်ချို - ကျောက်ကြမ်း - အုမ္မခါး - အုမ္မသီး - ပြင်ဦးလွင် - မန္တလေးလမ်းကြောင်းကြီး ပြန်လည်ဖွင့်လှစ်
******************
တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။အကြမ်းဖက်သမားများအနေဖြင့် နောင်ချို-ကျောက်ကြမ်း-အုမ္မခါး-အုမ္မသီး လမ်းကြောင်းအား ထိန်းချုပ်၍ ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ရပ်တန့်အောင် လုပ်ဆောင် ခဲ့ကြပြီး၊ ထိုသို့လုပ်ဆောင်ခဲ့မှုကြောင့် နောင်ချိုမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ လောင်ဖန်းကျေးရွာအနီးရှိ Crown ဘိလပ်မြေစက်ရုံမှ နေ့စဉ်ထုတ်လုပ်နေ လျက်ရှိသော ဘိလပ်မြေများကို မန္တလေးငလျင်ကြီးကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စဉ်က လိုအပ်လျက်ရှိသောနေရာများသို လွယ်ကူလျင်မြန်စွာ ပေးပိုနိုင်ခြင်းမရှိ သဖြင့် ပြည်သူလူထုအနေဖြင့် ဘိလပ်မြေများကို ဈေးနှုန်းမြင့်မားစွာ ဝယ်ယူသုံးစွဲနေရကြောင်း သိရှိရသည်။

ယခုအခါ တပ်မတော်အနေဖြင့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့နယ်တို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး နောင်ချို-ကျောက်ကြမ်း- အုမ္မခါး-အုမ္မသီး-ပြင်ဦးလွင်-မန္တလေး လမ်းကြောင်းကြီးကို ပြန်လည်ဖွင့်လှစ်ပေးနိုင်သောကြောင့် ကုန်စည်စီးဆင်းမှုများ လွယ်ကူစွာစီးဆင်းနိုင်ခဲ့ပြီး ဒေသဖွံဖြိုးရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ်လုပ်ဆောင် လျက်ရှိရာ ဒေသခံပြည်သူလူထုအနေဖြင့်လည်း ၎င်းတို့၏ နေရပ်ဒေသသို့ စိတ်အေးချမ်းသာစွာ ပြန်လည်ဝင်ရောက်လာကြပြီး နေ့စဉ်လူမှုစီးပွားဘဝကိုအေးချမ်းစွာ ပြန်လည်ဖော်ဆောင် လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် အဆိုပါလမ်းကြောင်းကြီးအား ပြန်လည်ဖွင့်လှစ်ပေးနိုင်သောကြောင့် ယနေ့တွင်လည်း Crown ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများ တင်ဆောင်လာ သော မော်တော်ယာဉ် ၅၉ စီးသည် ၁ စီးလျှင် ၃၃ တန်ဖြင့် စုစုပေါင်း ၁၉၄၇ တန် (စုစုပေါင်း ဘိလပ်မြေ ၃၆၅၈၀ အိတ်)တိုကို မန္တလေးမြို့နယ်သို့ သွားရောက်ပို့ဆောင် ပေးနေပြီဖြစ်ပြီး ယင်းသို့ ဘိလပ်မြေများ ပြန်လည်ပို့ဆောင်ပေးနိုင်မှုကြောင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ရာတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော လူနေအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စေတီ၊ ပုထိုးများ တည်ဆောက်မှုနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်ချက်ဖြစ်သော ဘိလပ်မြေများကို ပြည်သူလူထုအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားအောင် အဘက်ဘက်မှ ကူညီလုပ်ဆောင်ဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း ပြည်သူလူထု စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့၌ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုအန္တရာယ်မှ ကင်းဝေးအောင် လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

image