အာကာသပြိုင်ပွဲရဲ့ သူရဲကောင်းမလေး လိုင်ကာ၏ ၆၇ နှစ်မြောက် အမှတ်တရ
လိုက်ကာ (Laika) အာကာသထဲကို စေလွှတ်ခံခဲ့ရတဲ့ ပထမဆုံးခွေးလေးရဲ့ ကံကြမ္မာဆိုးလှတဲ့ ခရီးစဉ်ဟာ ၆၇ နှစ်တောင် ကြာခဲ့ပါပြီ။
သူမရဲ့ဇာတ်လမ်းကို ဒီနေ့ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် မပြောဆိုကြတော့ဘူးဆိုရင်တောင် သိပ္ပံပညာ တိုးတက် မှုနဲ့ ရောထွေးနေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ရှုပ်ထွေးမှုတွေရဲ့ နာကျင်ဖွယ် သတိပေးချက်အဖြစ် ကျန်ရှိနေဆဲပါပဲ။
မူလက Kudryavka (ရုရှားဘာသာဖြင့် "ကောက်ကောက်" ဟု အဓိပ္ပာယ်ရ) လို့ အမည်ပေးခဲ့တဲ့ လိုက်ကာဟာ ဒုံးပျံပေါ်က သာမန်တိရစ္ဆာန်တစ်ကောင်ထက် အများကြီး ပိုပါတယ်။
သူမဟာ မော်စကိုမြို့ လမ်းမတွေပေါ်ကနေ တွေ့ရှိခဲ့တဲ့ နူးညံ့သိမ်မွေ့တဲ့ ခွေးလေခွေးလွင့်လေးတစ်ကောင်ဖြစ်ပြီး၊ သူမရဲ့တည်ငြိမ်တဲ့စိတ်နေသဘောထားနဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို ခံနိုင်ရည်ရှိမှုတို့ကြောင့် ရွေးချယ်ခံခဲ့ရတာပါ။
ဒီအရည်အသွေးတွေဟာ တစ်ဖက်သတ်ခရီးစဉ်အတွက် သင့်လျော်တယ်လို့ သံသယဖြစ်ဖွယ် သတ်မှတ်ခံခဲ့ရတာပါ။
၁၉၅၇ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှာ လိုက်ကာကို Sputnik 2 ယာဉ်ပေါ်တင်ပြီး လွှတ်တင်ခဲ့ပါတယ်။ သူမရဲ့ capsule မှာ အစားအစာ၊ ရေနဲ့ နူးညံ့တဲ့ နံရံတွေ တပ်ဆင်ထားပေမဲ့ အရေးကြီးတာက ပြန်လာမယ့်အစီအစဉ် လုံးဝမရှိခဲ့ပါဘူး။
အစကတည်းက သူမကို ပြန်ခေါ်လာဖို့ဆိုတာ ရွေးချယ်စရာမရှိခဲ့ပါဘူး။ ကနဦးသတင်းတွေက သူမ ရက်အနည်းငယ်ကြာ အသက်ရှင်ခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လိုက်ကာဟာ လွှတ်တင်ပြီး နာရီအနည်းငယ်အကြာမှာပဲ အပူလွန်ကဲပြီး တစ်ယောက်တည်း ကြောက်ရွံ့စွာ သေဆုံးသွားခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
လိုက်ကာရဲ့ဇာတ်လမ်းဟာ တိုးတက္မှုတိုင်းဟာ ကောင်းမွန်တာမဟုတ်သလို၊ ထိုးဖောက်အောင်မြင်မှုတိုင်းဟာ ကိုယ်ကျင့်တရားအရ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ရရှိတာမဟုတ်ဘူးဆိုတာကို ခိုင်မာတဲ့သတိပေးချက်အဖြစ် အမှတ်ရစေပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ့မေးခွန်းတွေမေးဖို့နဲ့ ကျွန်တော်တို့ရဲ့ တိုးတက္မှုအတွက် ဘယ်သူက အနစ်နာခံ ပေးဆပ်ခဲ့ရသလဲဆိုတာကို စဉ်းစားဖို့ တွန်းအားပေးပါတယ်။
#knowledge
Credit.....#