28 ပတ် - ဘာသာပြန်ပါ။

“တိုက်ခိုက်မှုအသစ်များကို တုံ့ပြန်ရန် အသင့်ရှိဟု အီရန်အဓိပတိ ပြော”
အီရန်နိုင်ငံဟာ ဘယ်လိုစစ်ရေးတိုက်ခိုက်မှုအသစ်ကိုမဆို တုံ့ပြန်သွားဖို့ အဆင်သင့်ပဲလို့ အီရန် အဓိပတိ အယာတိုလာ အလီခါမေနီက ဇူလိုင် ၁၆ ရက်မှာပြောကြားလိုက်ပြီး တီဟီရန်ဟာ ၁၂ ရက်ကြာ အီရန်-အစ္စရေး စစ်ပွဲအတွင်း ရန်ဘက်တွေက ပေးခဲ့တာထက် ပိုကြီးမားတဲ့ ထိုးနှက် ချက်ကို ပေးစွမ်းနိုင်တယ်လို့လည်း ဆိုပါတယ်။
ခါမေနီက “ငါတို့က စစ်ပွဲကို မကြိုဆိုခဲ့သလို စစ်ပွဲကို မလိုလားဘူး။ ဇီယွန်နစ်အစိုးရကို ကင်ဆာရောဂါအဖြစ် သတ်မှတ်ထားပြီး အမေရိကန်အစိုးရကို ထောက်ခံတဲ့ ရာဇ၀တ်ကောင်လို့ မှတ်ယူထားတယ်” လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ မှတ်ချက်တွေမှာ ပြောပါတယ်။
ကာတာရှိ အယ်လ်အူဒေ့ဒ်အခြေစိုက်စခန်းမှာ အီရန်ရဲ့ ဒုံးကျည်ပစ်ခွင်းမှုကို ရည်ညွှန်းပြီးလည်း ခါမေနီက “အီရန် က တိုက်ခိုက်ခဲ့တဲ့ ဗဟိုချက်ဟာ ဒေသတွင်းမှာ အလွန်အကဲဆတ်တဲ့ အမေရိကန်ရဲ့ အခြေစိုက်စခန်း ဖြစ်တယ်” လို့ ပြောဆိုလိုက်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေအပေါ် ဒီ့ထက်ပိုကြီးမားတဲ့ ထိုးနှက်ချက် ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။
အီရန်ဟာ ရန်သူကို ဘယ်တော့မှ မပျော့ညံ့ခဲ့ဘဲ သံတမန်ရေးနဲ့ စစ်ရေး နယ်ပယ်နှစ်ခုစလုံးကို ဝင်ရောက်လာချိန်တိုင်းမှာ လိုအပ်တဲ့ ကိရိယာတွေ၊ နည်းဗျူဟာရော အင်အားရော ရှိပြီးတော့ အားနည်းချည့်နဲ့နေတဲ့ အနေအထား မဟုတ်ဘူးလို့ ခါမေနီက ပြောပါတယ်။
ခါမေနီဟာ သံတမန်တွေကိုလည်း လမ်းညွှန်ချက်တွေကို သတိထား ဂရုစိုက်ဖို့ တိုက်တွန်းခဲ့ပြီး သူတို့အလုပ်တာဝန်တွေကို ဆက်လက်အားထုတ် လုပ်ဆောင်သွားကြဖို့ ပြောကြားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မရှင်းလင်းသွားပါဘူး။
အစ္စရေးနဲ့ အမေရိကန်တို့ဟာ ပြီးခဲ့တဲ့လက အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်ခဲ့ပြီး အဲဒီစက်ရုံတွေဟာ နျူကလီးယားလက်နက်တွေကို တီထွင်ထုတ်လုပ်ဖို့ ရည်ရွယ်တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ပြောကြပါတယ်။
တီဟီရန်ကလည်း သူ့ရဲ့ နျူကလီးယားအစီအစဉ်ဟာ အရပ်ဘက်သုံး ရည်ရွယ်ချက်အတွက်သာ ဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါတယ်။
ဝါရှင်တန်နဲ့ ဥရောပ ၃ နိုင်ငံတို့ဟာ သဘောတူညီချက်အတွက် နောက်ဆုံးရက်အဖြစ် သြဂုတ်လကုန်မှာ သတ်မှတ်ဖို့ သဘောတူထားတာကြောင့် အီရန်ဟာ အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးပွဲတွေကို ပြန်စတင်ဖို့ ဖိအားပေးခံနေရတာပါ။
အီရန်ပါလီမန်ကတော့ အီရန်နိုင်ငံအနေနဲ့ ကြိုတင်သတ်မှတ်ချက်တွေနဲ့ မကိုက်ညီသရွေ့ အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးမှုတွေကို ပြန်မစသင့်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တကယ်လို့ တိုးတက်မှုမရှိဘူးဆိုရင် ကုလသမဂ္ဂရဲ့ယန္တရားကတဆင့် နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ပြန်လည်ကျင့်သုံးမှာဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက သတိပေးထားပါတယ်။

image