1 w - Translate

ပျားကို chip ထည့်ပြီး ဒရုန်းလို သုံးခဲ့တဲ့ တရုတ်ပညာရှင်တွေ
စိတ်ကို ထိန်းချုပ်တဲ့ brain chip နည်းပညာမှာ တရုတ်တွေက အင်းစက်ကအစ စမ်းသပ်အောင်မြင်နေပါပြီ။
တရုတ်သိပ္ပံပညာရှင်တွေက ပျားတစ်ကောင်ရဲ့ လှုပ်ရှားမှုကို အတိအကျ ညွှန်ကြားစေခိုင်းနိုင်တဲ့ ကမ္ဘာ့အပေါ့ဆုံး ဦးနှောက်ထိန်းပစ္စည်း device တစ်မျိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ပါမောက္ခကျောက်ကျီလျန့်ဦးဆောင်တဲ့ ဘေဂျင်းနည်းပညာအင်စတီကျူ့ဒ်က ပညာရှင်တစ်စုက ဒီအကြောင်းကို တရုတ်ယန္တရားစက်မှုဂျာနယ်မှာ စာတမ်းတင်ထားပါတယ်။
ပါမောက္ခကျောက်တို့က ပျားတစ်ကောင်သယ်နိုင်တဲ့ ဝတ်မှုန်ထက်တောင် ပေ့ါးပါးတဲ့ ဦးနှောက်ထိန်းပစ္စည်း (brain control device) တစ်ခု ဖန်တီးထားတာပါ။ အလေးချိန် ၇၄ မီလီဂရမ်ပဲ လေးတဲ့ ဒီပစ္စည်းလေးကို ပျားရဲ့ ကျောမှာ တပ်ဆင်ပြီး ဦးနှောက်ထဲကို အင်မတန်သေးငယ်တဲ့ အပ်လေး ၃ ချောင်းနဲ့ ချိတ်ဆက်ပါတယ်။
ဒီပစ္စည်းက လျှပ်စစ်လှိုင်းတွေ ထုတ်ပြီး ပျားကို ဘယ်ဘက် လှည့်ရမယ် ၊ ဘယ်ကို ဦးတည်ရမယ် ခိုင်းလို့ ရပါတယ်။ ၁၀ ကြိမ်မှာ ၉ ကြိမ်အထိ ပျားက လျှပ်စစ်လှိုင်းခိုင်းတဲ့အတိုင်း တိတိကျကျ လိုက်နာပါတယ်။ ဒါက ပျားတစ်ကောင်ကို သက်ရှိ drone တစ်စီးလို ပြောင်းလိုက်တာလို့ ပြောနိုင်ပါတယ်။
drone ရဲ့ မူရင်းအဓိပ္ပါယ်ကလည်း ပျားထီးပါ။ ပျားတွေရဲ့ သဘာဝတစ်ခုက ကိုယ်အလေးချိန်ရဲ့ ၈၀% အထိ လေးတဲ့ ပန်းဝတ်မှုန်တွေကို သယ်ပြီး ၅ ကီလိုမီတာအထိ ပျံသန်းနိုင်တာပါ။ ဒီသဘာဝက စွမ်းရည်မြင့် ဇီဝစက်ရုပ်ဖန်တီးမယ့် ပညာရှင်တွေ သဘောကျတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။
"အင်းဆက်စက်ရုပ်တွေက ဇီဝလက်ခံကောင်ရဲ့ သဘာဝဝန်းကျင်နဲ့ အလိုက်သင့်နေနိုင်စွမ်း ၊ ထူးကဲတဲ့ ပျံသန်းမှုစွမ်းရည် နဲ့ အန္တရာယ်ကနေ ကိုယ်ယောင်ဖျောက်နိုင်စွမ်းတွေကို အမွေဆက်ခံနိုင်တယ်။" လို့ ကျောက်နဲ့ အဖွဲ့က ရေးပါတယ်။
"တခြားပြုပြင်ဖန်တီးထားတာတွေနဲ့ ယှဉ်ရင် ဒီအင်းစက်စက်ရုပ်တွေက နောက်ယောင်ခံနိုင်စွမ်းမြင့်ပြီး တာရှည်အလုပ်လုပ်နိုင်စွမ်း ပိုကောင်းပါတယ်။ မြို့ပြတိုက်ပွဲတွေ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး နဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွေအပြင် သဘာဝဘေး အရေးပေါ်ကယ်ဆယ်ရေးတွေမှာပါ အဖိုးမဖြတ်နိုင်ပါလိမ့်မယ်။"
ပျားမှာ တပ်ထားတဲ့ ဒီ device ရဲ့ အားနည်းချက်တစ်ခုက wired power source နဲ့ သွားတာပါ။ ကြိုးမဲ့ဘက်ထရီစနစ်နဲ့ဆို ၆၀၀ မီလီဂရမ်လောက် လေးမှာ ဖြစ်လို့ ပျားတစ်ကောင် သယ်နိုင်တဲ့ အလေးချိန်ထက် ပိုနေမှာပါ။ ပါဝါစိန်ခေါ်မှုအပြင် အင်းစက်တွေရဲ့ အပြုအမူကို ပိုထိန်းချုပ်နိုင်ဖို့ signal တုန့်ပြန်မှုပိုကောင်းအောင် လုပ်ရဦးမှာပါ။
ဒီ chip တပ် ပျားမတိုင်ခင်က ဦးနှောက်အထိန်းစနစ်သုံး အသေးဆုံးဒရုန်းက စင်ကာပူနန်ယန်းနည်းပညာတက္ကသိုလ်ရဲ့ ၆ စင်တီမီတာအရွယ် ပိုးဟပ်စက်ရုပ် cyborg ဖြစ်ပြီး မြန်မာ့ငလျင်ကယ်ဆယ်ရေးမှာ သုံးခဲ့ဖူးပါတယ်။

image