8300mAh သုံး ယွမ် ၁၄၀၀ တန် အကြမ်းခံ Honor X70 ဖုန်း
8300mAh ဆိုတာ နည်းတဲ့ ဘက်ထရီပါဝါမဟုတ်ပါဘူး။ Honor X70 မှာ အားရစရာအကောင်းဆုံးက အဲ့ဒီလို ဧရာမအကြီးစားဘက်ထရီနဲ့ လာတာပါ။
ဘက်ထရီပါဝါကြီးသလောက် 7.76mm နဲ့ 199g ဝိတ်ပဲ ရှိလို့ အထူအပါး နဲ့ weight ပိုင်းမှာ Honor X70 က စံထားရမယ့် ဘတ်ဂျက်ဖုန်းလို့ ပြောနိုင်ပါတယ်။ Honor X70 က X စီးရီးတွေရဲ့ အကြမ်းခံမှုဂုဏ်ကို ဆက်ခံပါတယ်။
ဖုန်းဘော်ဒီကို ရေနဲ့ ဖုန်ဒဏ်ကနေ ကာတဲ့နေရာမှာ IP66/IP68/IP69K rating တွေအထိ သုံးထားလို့ ဘယ်လောက်ပဲ မိုးစိုစို ပြဿနာရှိမှာ မဟုတ်ပါဘူး။ စိတ်ပါလို့ ရေအနက် ၆ မီတာအထိ ယူသွားတောင် ရေမဝင်ပါဘူး။ ဖုန်းထဲက ဖုန်နဲ့ရေကို YoYo AI assistant ခေါ်ပြီး အသံလှိုင်းနဲ့ ရှင်းခိုင်းလို့လည်း ရတယ်လို့ဆိုပါတယ်။
အကြမ်းခံမှုအထူးပြု ဖုန်းဖြစ်လို့ drop-test ဒဏ်ခံနိုင်အောင် သေချာဒီဇိုင်းထုတ်ပါတယ်။ display မှန်က အပြင်တုန်ခါမှုတွေကို လျှော့ချမယ့် နှစ်ပိုင်းစပ် damping layer ပေါ်မှာ တပ်ဆင်ထားပြီး dumping layer အောက်မှာ ပြုတ်ကျမှုကို စုပ်ယူမယ့် shock-absorbing frame ရှိပါတယ်။ အဲ့ဒီဖရိမ်ကို ပျားအုံပုံစံ ဘရက်ကတ်နဲ့ ချုပ်ထားတာပါ။
display အရွယ်အစား ၆.၇၉ လက်မ AMOLED ၊ 120Hz refresh rate နဲ့ 1.5K resolution တွေပါပြီး 3840Hz PWM dimming နဲ့ အမြင့်ဆုံးတောက်ပမှု 6000 nits အထိ ထွက်လို့ ဘတ်ဂျက်ဖုန်းထဲမှာ display တော်တော်ကောင်းတယ်လို့ ပြောရပါလိမ့်မယ်။ SoC ကတော့ Snapdragon 6 Gen 4 နဲ့ လာပြီး 12GB/512GB storage အထိ ရှိပါတယ်။
ကင်မရာပိုင်းကတော့ ကျောဘက် 50MP (main,OIS,f/1.88) နဲ့ 8MP (Ultra Wide,f/2. နဲ့ ရှေ့ 8MP Selfie တွေ သုံးပါတယ်။ မှန်ပြင်အောက်လက်ဗွေ ၊ စတီရီယိုစပီကာ ၊ infrared sensor ၊ NFC ၊ WiFi 6 နဲ့ Bluetooth 5.3 လို features တွေလည်း ပါပါတယ်။ 512GB ဗားရှင်းကလွဲရင် ကျန်တဲ့ ဗားရှင်းတွေအကုန် 80W wired charging နဲ့ လာပါတယ်။
12/512GB ဗားရှင်းမှာ ထူးခြားတာက 80W wireless charging ပါ ရတာပါ။ မော်ဒယ်အကုန်လုံး Midnight Black , Bamboo Green , Moon White ၊ Cinnabar Red ကာလာတွေနဲ့ ထွက်ပါတယ်။ ဆော့ဖ်ဝဲလ်ကတော့ Android 15 ကို အခြေခံထားတဲ့ MagicOS 9.0 နဲ့ လာပါတယ်။
အနိမ့်ဆုံးမော်ဒယ် 8/128GB ဗားရှင်းကို ၁၃၉၉ ယွမ်(မြန်မာငွေ ၈ သိန်းခွဲဝန်းကျင်) ကနေ စပြီး အမြင့်ဆုံးဗားရှင်းကို ၁၉၉၉ ယွမ် (မြန်မာငွေ ၁၂ သိန်းခွဲဝန်းကျင်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။
