1 w - Translate

တရုတ်ကို H20 AI chip ပြန်ရောင်းခွင့် ရသွားတဲ့ Nvidia
Nvidia အတွက် သတင်းကောင်းတစ်ခုက တရုတ်ဈေးကွက်ထဲ ပြန်ဝင်ခွင့်ရတာပါ။
တရုတ် chip ဈေးကွက်ဆိုတာ Nvidia အတွက် ဒေါ်လာဘီလျံဆယ်ချီတန်တဲ့ ဈေးကွက်ပါ။ အမေရိကန်အစိုးရရဲ့ အဆင့်မြင့်ချပ်စ် တင်ပို့ခွင့်လိုင်စင် ကန့်သတ်ချက်ကြောင့် ဧပြီလကတည်းက တရုတ်ဘက် ပစ္စည်းပို့မရခဲ့လို့ Nvidia ရပေါက်တချိုု့ ပိတ်နေခဲ့တာပါ။
အခုအမေရိကန်အစိုးရက ဒီကန့်သတ်ချက်ကို မကြာခင် ပြန်ဖွင့်ပေးပါလိမ့်မယ်။ H20 chips တွေက ဘေဂျင်းကို အိတ်ပို့ကန့်သတ်ချက်တွေကို ကျော်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ AI chips တွေပါ။ ဒီ chips တွေက ပျမ်းမျှ တစ်ခုကို ဒေါ်လာ ၁၂၀၀၀ လောက် ပေါက်တဲ့ တန်ဖိုးကြီး chips တွေပါ။
"အမေရိကန်အစိုးရက လိုင်စင်ချပေးမယ်လို့ Nvidia ကို အာမခံထားပါတယ်။ Nvidia အနေနဲ့ မကြာခင် ပစ္စည်းတွေ စပြီး ပို့ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။" လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
Nvidia CEO ဂျန်ဆန်ဟောင်လည်း ပြီးခဲ့တဲ့အပတ်ကမှ သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံပြီး အမေရိကန်ရဲ့ AI ဩဇာကြီးစိုးရေးရည်မှန်းချက်တွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ policymakers တွေနဲ့ ဆုံချိန်မှာ AI Infrastructure ထောက်ပံ့ဖို့ အရေးကြီးတဲ့အချက်ကိုလည်း ဟောင်က ထည့်ဆွေးနွေးသွားတာပါ။
လက်ရှိမှာတော့ H20 chips တွေ တရုတ်ထဲ ပြန်ဝင်တော့မယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် Nvidia ရဲ့ စတော့က ၅%အထိ ထိုးတက်သွားပါတယ်။ Nvidia က မကြာသေးခင်ကပဲ ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလီယမ်ကျော်တန် လုပ်ငန်းဖြစ်ခဲ့ပြီး လက်ရှိ Market cap အရ ဒေါ်လာ ၄.၁၆၂ ထရီလီယမ်တန်တယ်လို့ ဖော်ပြထားပါတယ်။
Nvidia ကတော့ ပြိုင်ဘက်ကင်း chipmaker နေရာက ဆင်းဖို့ မရှိသေးပါဘူး။

image