1 w - Translate

မြေရှား recycle ကုမ္ပဏီမှာ Apple ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံ
တရုတ်ပေါ် မြေရှားသတ္ထုမှီခိုမှို လျှော့ချဖို့ Apple က တစ်ကွက်ရွှေ့လိုက်ပါတယ်။
အဲ့ဒါကတော့ အမေရိကန်မြေရှားသတ္ထု recycle ကုမ္ပဏီ MP Materials မှာ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံလိုက်တာပါ။ လျှပ်စစ်ပစ္စည်းထုတ်လုပ်ဖို့ မြေရှားသတ္ထုကုန်ကြမ်းက မဖြစ်မနေလိုပါတယ်။ နီယိုဒိုင်မီယမ်သံလိုက်လို မြေရှားသံလိုက်မရှိရင် iPhone , iPad နဲ့ MacBook လို products တွေ ဖြစ်မလာနိုင်ပါဘူး။
ကမ္ဘာတလွှားမှာ အီလက်ထရွန်းနစ်ပစ္စည်းဝယ်လိုအားများလေလေ တည်ငြိမ်ပြီး စိတ်ချရတဲ့ မြေရှားဒြပ်စင်အရင်းအမြစ်လိုအပ်ချက် မြင့်လေလေပါပဲ။ မြေရှားကို တရုတ် supply chain တွေကနေ အဓိက မှီခိုရတာပါ။ ဒီမှီခိုမှုကို လျှော့ချဖို့ အမေရိကန်ပြည်တွင်းက မြေရှားသတ္ထုတွင်းကုမ္ပဏီနဲ့ Apple တို့ လက်တွဲလိုက်တာပါ။
MP Materials ကမြေရှားသတ္ထုတူးဖော် သန့်စင်တာကနေ အမြဲတမ်းသံလိုက်ထုတ်လုပ်တဲ့ ကုန်ချောအဆင့်အထိ အစအဆုံးလုပ်ဆောင်နေတဲ့ အမေရိကန်ရဲ့ တစ်ခုတည်းသော မြေရှားကုမ္ပဏီပါ။ Apple က တက္ကဆက်ပြည်နယ် Fort Worth မှာရှိတဲ့ MP Materials စက်ရုံထုတ် မြေရှားသတ္ထုတွေ ဝယ်ယူပါလိမ့်မယ်။ ဒီစက်ရုံက Apple products တွေအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ နီယိုဒိုင်မီယမ်သံလိုက်တွေ ထုတ်ပါတယ်။
အဲ့ဒီမြေရှားသံလိုက်တွေကို ဈေးကွက်လိုအပ်ချက်ရှိတဲ့ ကမ္ဘာနဲ့ နိုင်ငံအနှံ့ တင်ပို့ပါမယ်။ Apple နဲ့ MP Materials ပူးပေါင်းမှုနဲ့ ကယ်လီဖိုးနီးယားအရှေ့ပိုင်း Mojave သဲကန္တာရထဲက Mountain Pass မိုင်းမှာ မြေရှားပြန်လည်အသုံးချ recycle အလုပ်ရုံတစ်ခု တည်ဆောက်ပါလိမ့်မယ်။
recycle စက်ရုံမှာ ပြန်သုံးနိုင်တဲ့ မြေရှားကုန်ကြမ်းတွေ ပြုပြင်တာ ၊ သုံးပြီးသားအီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ စက်မှုလုပ်ငန်းသုံးအကြွင်းအကျန်တွေကနေ မြေရှားပြန်ထုတ်ယူပြီး Apple products တွေမှာ ပြန်သုံးပါလိမ့်မယ်။
Apple products တွေမှာ ပြန်သန့်စင်ထားတဲ့ မြေရှားဒြပ်စင်သုံးတာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထုတ် iPhone 11 က စပါတယ်။ iPhone 11 ရဲ့ Taptic Engine မှာ recycled မြေရှားဒြပ်စင်တွေ ပထမဆုံးသုံးခဲ့ပြီး အခုဆို သံလိုက်အားလုံးနီးပါးက ရာနှုန်းပြည့် recycled မြေရှားဒြပ်စင်တွေနဲ့ ထုတ်ထားတာလို့ ဆိုပါတယ်။
Apple ကတော့ အခုရင်းနှီးမြှုပ်နှံမှုက နောက် ၄ နှစ်ကျော်အတွင်း အမေရိကန်မှာ ဘီလျံ ၅၀၀ ကျော်သုံးမယ့် စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလို့လည်း ပြောပါတယ်။

image