စစ်မှန်တဲ့တန်ဖိုးဆိုတာ....
==============
လောကကြီးမှာ
ကိုယ့်အပေါ်မကောင်းပြောနေလည်း
ကိုယ်ကပြန်မပြောမိပါစေနဲ့။
ကိုယ့်အပေါ်
မဆီမဆိုင် မုန်းနေလည်း
ကိုယ်ကပြန်မမုန်းမိပါစေနဲ့။
ကိုယ့်အပေါ်
အမြင်စောင်းပြီးတစ်မျိုးမြင်နေလည်း
ကိုယ်ကအမြင်မစောင်းတစ်မျိုး
မထင်မိပါစေနဲ့။
ကိုယ့်အပေါ်
တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လည်း
ကိုယ်က သူ့အပေါ်မေတ္တာ
မပျက်မိပါစေနဲ့။
သူက ဘာပေးပေး
ကိုယ့်ဆီက သူ့ကို မေတ္တာပဲပြန်ပေး လိုက်ပါ။
မေတ္တာဆိုတာ ဝဋ်ကြွေးတွေကို
ဆပ်ဖို့အတွက်
အကောင်းဆုံး ပေးဆပ်ခြင်းပဲ ဖြစ်ပါတယ်။
ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ကိုယ်ချင်းစာတတ်ပါစေ. . .

image