29 ပတ် - ဘာသာပြန်ပါ။

ဒီရက်ပိုင်း အထက်တန်း အချစ်ရုပ်ရှင်လေးတွေပဲ ဓာတ်ကျနေတာမလို့ ဒီနေ့အတွက်လည်း ထိုင်းအချစ်ကားလေးတစ်ခုကိုပြောပြချင်ပါတယ်။မင်းသားက Mario Maurer ဖြစ်ပြီးတော့ မင်းသမီးကတော့ FriendZone ဇာတ်ကားထဲက Pimchanok Luevisadpaibul ဖြစ်ပါတယ်။ဒါကြောင့်မလို့ ကြည့်ကောင်းတာထက်ပိုတဲ့ အချစ်ရုပ်ရှင်လေးတစ်ခုပါ။
Nam ဆိုတဲ့ကောင်မလေးက အသားခပ်မဲမဲ၊ရုပ်ရည်သိပ်မရှိတဲ့ အထက်တန်းကျောင်းသူလေးပေါ့။သူသဘောကျနေတဲ့ ကောင်လေးကတော့ Shone လို့ခေါ်ပြီး ရုပ်လည်းချော ဘောလုံးသမားလည်းဖြစ်တော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ စီနီယာ အကိုကြီးဖြစ်ပါတယ်။Nam က Shone ကို တစ်ဖက်သက် ကြိတ်သဘောကျနေတာဖြစ်ပြီး Shone သိသွားမှာလည်း တအားကြောက်တဲ့သူဖြစ်ပါတယ်။Nam ရဲ့သူငယ်ချင်းတွေက Shone ပြန်သဘောကျလာဖို့ အမျိုးမျိုး ကူညီ‌ပင်မယ့်လည်း Nam ကတော့ တစ်လွဲတွေလုပ်ပြီးရင်းလုပ်နေပါတယ်။နောက်ပြီး ကျောင်းက ဘယ်သူမှ အဖွဲ့မ၀င်တဲ့ ပြဇာတ် အဖွဲ့ကို Nam တို့သူငယ်တစ်ခုဖွဲ့က မ၀င်ချင်ဘဲ ၀င်လိုက်ရပါတယ်။ဒါပေမယ့်လည်း ပြဇတ် အတွက် ပြင်ပြင်ဆင်ဆင်လေး ၀တ်လိုက်တော့ Nam က ကြည့်လို့လှသွားပါတယ်။Shone ရဲ့ သူငယ်တန်းတုန်းက သူငယ်ချင်း Top က သူ့အဖေ ကိစ္စတွေကြောင့် Shone တို့ကျောင်းကိုခန ပြောင်းလာပါတယ်။Top ကလည်း ရုပ်ချောတာမလို့ ကျောင်းက ကျောင်းသူလေးတွေရဲ့ အသဲစွဲလေး ဖြစ်နေပြန်ပါတယ်။Top ကတော့ ပြင်ပြင်ဆင်ဆင်နဲ့ လှနေတဲ့ Nam ကိုပဲ သဘောကျပါတယ်။Top က Nam ကိုဖွင့်ပြောတော့ Nam ကလည်း အဖြေတောင်ပြန်မပေးဘဲ တွဲဖြစ်သွားသွားပါတယ်။Nam သဘောကျတာက Shone ကို ဒါပေမယ့် Nam ကိုသဘောကျနေတာက Shone ရဲ့ သူငယ်ချင်း Top။ ဒီလိုမျိုး သုံးပွင့်ဆိုင် အချစ်တွေကြားမှာ Shone ကရော Nam သူ့ကိုသဘောကျနေတာ သတိမထားမိဘူးလား၊ နောက်ဆုံး အထက်တန်းပြီးတဲ့အခါ သူတို့ သုံးယောက် ဘယ်လိုတွေဖြစ်သွားမလဲဆို ကြည့်ရှုရမှာဖြစ်ပါတယ်။
တကယ်ဆို ဒီဇာတ်ကားက ဇာတ်ညွှန်းမကြည့်ဘဲနဲ့တောင် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုလို့မြင်မိပါတယ်။အတော်လေး ရင်ခုန်ဖို့ကောင်းပြီးတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ရင်ခုန်နေရတဲ့ ခံစားချက်ကို ခံစားရစေမှာဖြစ်ပါတယ်။ဒါကြောင့် "Crazy Little Things Call Love"ဆိုတဲ့ ထိုင်းအထက်တန်း အချစ်ကားကောင်းလေးတစ်ကားကို ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။

image