ဗြိတိန်နိုင်ငံက ဒီအချက်အလက်တွေကို နှစ် 50 တိုင်တိုင် ဖုံးအုပ်ထားတဲ့ အကြောင်းအရာတွေကို ဇာတ်ကားပြန်ရိုက်ထားတာမလို့ ဒီဇာတ်ကားက လူတိုင်း လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ ဇာက်ကားလို့ထင်ပါတယ်။ဖြစ်ရပ်မှန်လည်းဖြစ်သလို ကျွန်တော်တို့အခု အသုံးပြုနေတဲ့ ကွန်ပြုတာ ဆိုတာကြီးပေါ်ပေါက်လာတဲ့ အကြောင်းဆိုရင်လည်းမမှားပါဘူး။
ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ် ကို အခြေပြုထားပါတယ်။အဲ့အချိန်မှာ ဂျာမဏီ နဲ့ ဗြိတိန်တို့က စစ်ဖြစ်နေကြပါတယ်။ဗြိတိန်တို့က အနည်းနဲ့အများ စစ်ရှုံးနေပြီးတော့ သုံးစက္ကန့်တိုင်း စစ်သားတစ်ယောက် ေ/သဆုံးတဲ့အထိဖြစ်ပါတယ်။ဂျာမဏီ ကို အသာစီးရစေတာကတော့ အနီဂမာ လို့ခေါ်တဲ့ လျှို့ဝှက်ကြေးနန်းစာ ပို့နည်းကြောင့်ဖြစ်ပါတယ်။အဲ့ လျှိ့ဝှက်စာကို ဘယ်နိုင်ငံကမှ ကြားဖြတ် မဖော်ထုတ်နိုင်ကြပါဘူး။အဓိက အကြောင်းအရင်းကတော့ ဖြစ်နိုင်ချေပေါင်း ၁၅၉ သန်းအထိရှိလို့ဖြစ်ပါတယ်။အဲ့တာအပြင်ကိုမှ ဂျာမဏီတို့က ည ၁၂ မှာ တစ်ခါ setting အသစ်ပြောင်းလဲတာကြောင့် ၁၂ နာရီအတွင်းမှာ ဖြစ်နိုင်ချေ ၁၅၉ သန်းထဲကနေ မဖော်ထုတ်နိုင်ကြပါဘူး။ဒါကြောင့် ဗြိတိန် အစိုးရက နိုင်ငံအတွင်းက သင်္ချာ ပညာရှင်တွေ၊အဲ့အပိုင်းမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ရှာဖွေပါတော့တယ်။အဲ့လို ပညာရှင်ထဲမှာ အလန်းကျူရင်း လည်းပါ၀င်ပါတယ်။သူလည်း ရွေးချယ်ခံရပြီးတော့ အနီဂမာ ရဲ့ လျှို့ဝှက်စာကို ဖော်ထုတ်ဖို့တာ၀န်ကျလာပါတယ်။ဒါပေမယ့် အလန်းကျူးရင်းက သင်္ချာ မှာတော်သလောက် အပေါင်းအသင်းပိုင်းမှာ အတော်လေးညံ့ပါတယ်။အဖွဲ့နဲ့လုပ်တဲ့အခါမှာ သူ့အတွက် နှောက်နေစေတယ်လို့ပဲ ထင်နေတော့ အခြားသူတွေကလည်း သူ့ကို သိပ်မကြိုက်ကြပါဘူး။ဒီလိုနဲ့ သူက အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ပါဖြစ်လာတော့ အရာအားလုံးက သူ့အပေါ်မူတည်လာပါတယ်။အလန်းကျူးရင်း က
အနီဂမာ ကို လူတွေ ဖော်ထုတ်နိုင်ဖို့ မဖြစ်နိုင်တာကြောင့် သူကိုယ်တိုင်တီထွင်စက်တစ်ခုတည်ထွင်ပြီး ဖော်ထုတ်ဖို့ စက်ကိုစက်နဲ့ပြန်အဖြေရှာဖို့ ကြိုးစားပါတော့တယ်။တကယ်တမ်းကြပြောသလောက် လွယ်မနေခဲ့ပါဘူး။သူ့စက်ရဲ့ ကုန်ကျစရိတ်တန်ဖိုးက အရမ်းများတာမလို့ အစိုးရဘက်က သိပ်မကြိုက်ကြပါဘူး။အစိုးရဘက်ကို သူ့စက်က ဘာမှလုပ်မပြနိုင်လို့ဆိုပြီး တစ်လပဲအချိန်ပေးပြီး အဲ့အချိန်ပြီးလို့မှ အနီဂမာ ရဲ့ လျှို့ဝှက်စာတစ်ခုလောက်ကို ဖော်ထုတ်မပြနိုင်ရင် အလန်းကျူးရှင်း တို့ တစ်ဖွဲ့လုံးကို ထုတ်ပစ်မယ်ဆိုပြီးဖြစ်လာပါတယ်။
“ အချို့လူတွေထင်တာက ငါတို့က ဂျာမာန်တွေနဲ့စစ်ဖြစ်နေတာပေါ့။တကယ်တော့ ငါတို့က အချိန်နဲ့စစ်ဖြစ်နေရတာ ”တဲ့
သူတို့အတွက် ပေးထားတဲ့ အချိန်တစ်လအတွင်း အလန်းကျူးရှင်းရဲ့ စက်က အလုပ်ဖြစ်သွားနိုင်မလား။အဲ့တာအပြင်ကိုမှ အလန်းကျူးရှင်းကို ဂျာမဏီရဲ့ သူလျှိုလို့ပါ စွတ်စွဲခံထားရပါသေးတယ်။နောက်ထပ် ဗြိတိန်က ထားပြစ်ထားတဲ့ အရာကိုလည်း အလန်းကျူးရှင်းစီမှာ ရှိနေပါသေးတယ်။အဲ့တာက ဘာဖြစ်မလဲ၊သူ့စက်ကရော အလုပ်ဖြစ်ပေါ့မလား၊သူလျှို စွတ်စွဲခံရတာကိုရော သူဘယ်လိုဖြေရှင်းမလဲ ဒါတွေကို တစ်စိမ့်စိမ့် ခံစားပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။
ဖြစ်ရပ်မှန်တာကြောင့် ကြည့်ပြီးတဲ့အချိန် နောင်တရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ဗဟုသုတ လည်းရသလို စိတ်ခွန်အားဖြစ်စေမယ်လို့လည်း ထင်တာကြောင့် "The Imitation Game" ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ဒီနေ့အတွက် မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။