The Fantastic Four: First Steps ရဲ့ Video Clip အသစ်မှာ Galactus ဆိုတဲ့ Villain ကြီးက Reed Richards နဲ့ Sue Storm တို့ရဲ့ ကလေး Franklin ကို လိုချင်နေတယ်ဆိုတဲ့ အချက်ကိုပြသွားပါတယ်။
ဒီ Video ထဲမှာ Marvel ရဲ့ ပထမဆုံး Family အဖွဲ့ဖြစ်တဲ့ Fantastic Four က အာကာသခရီးက ပြန်လာပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရှိနေတာကို ပြသွားပါတယ်။
သတင်းထောက်တစ်ယောက်က Reed ကို “Galactus ကို ဘယ်လိုအနိုင်ယူခဲ့လဲပြောပြပါဦး” လို့ မေးတယ်။ Ben Grimm က “အနိုင်မယူခဲ့ဘူး” လို့ ဖြေလိုက်ပါတယ်။
Johnny Storm ကတော့ “အနိုင်မယူရသေးဘူး၊ မဟုတ်သေးဘူးလေ” လို့ ပြောပါတယ်။ Reed က ကျွန်တော်တို့ ဆက်ပြီး “ညှိနှိုင်းကြည့်ခဲ့တယ်၊ ဒါပေမယ့် Galactus က ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းကြီးတယ်” လို့ ပြောပါတယ်။
သတင်းထောက်က “သူက ဘာလိုချင်တာလဲ” လို့ မေးတော့ Reed က “ကျွန်တော်တို့ရဲ့ကလေး” လို့ ဖြေလိုက်တာကိုပြသွားခဲ့ပါတယ်။
အရင်ထွက်ထားတဲ့ နမူနာဗီဒီယိုတွေအရ Sue Storm က Franklin ဆိုတဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားတယ်ဆိုတာ ပြထားသွားခဲ့ပြီးပါပြီ။ ဒါပေမယ့် Franklin ရဲ့ စွမ်းအားတွေကို ဘယ်လောက်အထိ ကြီးလည်းဆိုတာကိုတော့ မပြသွားခဲ့ပါဘူး။
Comic အရကြည့်မယ်ဆိုရင်တော့ ဒီ Franklin ဆိုတဲ့ကလေးက မျိုးဗီဇပြောင်းလဲသွားမယ်သူဖြစ်ပြီး reality ကိုတောင်ပြောင်းလဲနိုင်တဲ့စွမ်းအားရှိတဲ့ ကလေးဖြစ်တယ်လို့တော့သိထားပါတယ်။ ဒါ့ကြောင့် Galactus က ဒီကလေးကို လိုချင်နေပုံရပါတယ်။
ဒီရုပ်ရှင်ထဲမှာ Galactus အဖြစ် Ralph Ineson က သရုပ်ဆောင်ထားပြီး Silver Surfer အဖြစ် Julia Garner က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ WandaVision ကိုရိုက်ခဲ့တဲ့ Matt Shakman က ရိုက်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က Marvel Phase 6 ရဲ့ ပထမဆုံးထွက်မယ့်ဇာတ်ကားဖြစ်ပါတယ်။
The Fantastic Four: First Steps ကိုတော့ UK မှာ ဇူလိုင် ၂၄ ရက်၊ အမေရိကမှာ ဇူလိုင် ၂၅ ရက်နေ့တွေမှာ ရုံတင်သွားမှာဖြစ်ပါတယ်။