ဒီတစ်ခါတော့ အခြားသူကြောင့် ရွေးချယ်မှုမှားရင် Villain ဖြစ်သွားကြတဲ့ Syndrome နဲ့ ScreenSlaver အကြောင်းပြောကြမယ်။ ဒီ characters တွေက လူကောင်းအဖြစ်ရွေးချယ်လို့ရခဲ့ပေမဲ့ မကောင်းတဲ့သူဖြစ်အောင် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့သူ ၂ ယောက်ပါ။
Syndrome အကြောင်းအရင်စပြောပါမယ်။ Syndrome မဖြစ်လာခင် Buddy Pine က လူတိုင်းကို နည်းပညာနဲ့ Superpower ရအောင်လုပ်ပေးချင်ခဲ့တဲ့ကောင်လေးပါ။ သူက Mr Incredible FanBoy ဖြစ်ပြီး Incredible ရဲ့ Sidekick ဖြစ်ချင်ခဲ့တာပါ။အဲ့တာကြောင့်လည်း သူတက်ထားတဲ့နည်းပညာတွေနဲ့ Mr Incredible နောက်အမြဲလိုက်ခဲ့ပါတယ်။ သူ့အရွယ်နဲ့ဆို တော်တော်လေး Genius ဖြစ်တဲ့ကလေးလို့ပြောလို့ရပေမဲ့ Mr Incredible က သူ့ကို အမြဲတမ်း အဝေးရောက်အောင်တွန်းပို့ခဲ့ပြီး နောက်ဆုံးအကြိမ်မှာ သူ့ကြောင့် မြို့မှာပျက်စီးမှု ဖြစ်ခဲ့ပြီး Idol ဖြစ်တဲ့ Incredible ကလူရှေ့အရွက်ခွဲခံလိုက်ရတာကြောင့် နောက်ဆုံးမှာ Villain ဖြစ်လာခဲ့ပါတယ်။ ဆိုးချင်လို့ဆိုးတာမဟုတ်ပဲ အရှက်ကွဲမှု နဲ့ အငြင်းပယ်ခံရမှုရဲ့ သားကောင် ဖြစ်လာခဲ့တာပါ။ Buddy Pine မှားသွားတဲ့အချက်က လူကောင်းဖြစ်အောင် ဆက်မကြိုးစားပဲ သူ့နည်းပညာ တွေ နဲ့ Incredible ကိုလက်စားချေလိုစိတ် ကြောင့် မကောင်းတဲ့ဘက်ရောက်သွားခဲ့ပါတယ်။
ScreenSlaver ရဲ့ Backstory ကလည်းတစ်မျိုးထူးခြားပါတယ်။ ScreenSlaver မဖြစ်ခင် Evelyn Deavor ကမောင် အငယ်တစ်ယောက်ရှိပါတယ်။သူတို့အဖေက Superhero Fan တစ်ယောက်ဖြစ်ပြီး လူတွေ နဲ့ Superhero ကြားမတူညီမှုတွေ နဲ့ လူတွေ Heros တွေအပေါ်အမုန်းတရားကိုပျောက်အောင်လုပ်ချင်တဲ့သူပါ။ အဲ့ကြောင့်လည်း သူတို့အိမ်မှာ Superhero တွေကိုတိုက်ရိုက်ဆက်သွယ်နိုင်တဲ့ Phone လိုင်းတွေရှိပါတယ်။ ဒါပေမဲ့ တစ်ညမှ သူတို့အိမ်ကို သူခိုးဝင်ခဲ့ပြီး Evelyn အဖေက ကိုယ်တိုင်မဖြေရှင်းပဲ Superhero တွေကိုအားကိုးပြီးဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမဲ့ Superhero တွေကို Goverment က Banned တာကြောင့် ဘယ် Hero မှ Phone မကိုင် မသိကြပဲ Evelyn အဖေက ​ေ သ သွားပါတယ်၊ အဲ့တာကြောင့်ပဲ Evelyn က Heros တွေကိုအသုံးမဝင်တဲ့ အရာတွေလို့မြင်ခဲ့တယ်။ လူတွေအမြင်မှာလည်း သူ့လိုပဲမြင်လာအောင် Hero တွေကိုအားကိုးလို့မရဘူးဆိုတာမြင်အောင် နောက်ကွယ်ကနေကြိုးကိုင်ခဲ့တယ်။ သူက Heros တွေအစား ကိုယ့်ကိုကိုယ်အားကိုးဖို့ ကိုပိုအားပေးတဲ့သူ။ သူ့အမြင်က မမှားဘူး၊ သူမှားသွားတာက Hero တွေကိုအားကိုးလို့မရဘူးဆိုတဲ့ အရာကို အချက်ကျကျ ပြန်ပြောဖို့မလုပ်ပဲ လူတွေကိုထိန်းချုပ် အသက်တွေကို စတေးပြီး သူပြချင်တဲ့အချက်ကို ရအောင်လုပ်တဲ့အတွက် လမ်းမှားရောက်သွားခဲ့တယ်။
သူတို့ ၂ ယောက်က Pure Villain တွေဆိုတာထက် ပတ်ဝန်းကျင်ရဲ့ တွန်းပို့မှုကြောင့် Villain ဖြစ်လာကြသူတွေပါ။Rating တွေအရ ScreenSlaver က Pixar ရဲ့ အညံ့ဆုံး နဲ့ အဆိုးဆုံး Villain တစ်ယောက်လည်းဖြစ်ပါတယ်။

image