#ကြက်သွန်မြိတ်နှင့်ကြက်သားဖရုံသီးဟင်းချိုချက်နည်း
(Spring Onion Chicken and Pumpkin Soup)
...............................................................


လွယ်ကူလျင်မြန်ပြီး အရည်သောက်စားလို့ရသလို အသားနဲ့
အသီးအရွက်များ ပါ၀င်တာကြောင့် ပရိုတင်းနဲ့ ဗီတာမင်ဓာတ်လည်း ဟင်းတစ်ပွဲထဲစားရုံနဲ့ ရရှိနိုင်တာကြောင့် အချိန်မရသူတွေအတွက် အထူးဖန်တီးပေးလိုက်ပါတယ်နော်။

ပါ၀င်ပစ္စည်းများ
.....................
• ကြက် - ၁ ခြမ်း ( အတုံးလေးများ တုံးထားပါ)
• ဖရုံသီး - ၁ ခြမ်း (အနေတော် အတုံးလေးများတုံးထားပါ)
• ကြက်သွန်ဖြူ - ၂ မြွှာ (အခွံခွာပြီး ဓားပြားရိုက်ထားပါ)
• ငရုတ်ကောင်းမှုန့်အမည်း - အနည်းငယ်
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရပါတယ်)
• ကြက်သွန်မြိတ် - ၃ ပင် (သေးသေးလေးတွေဖြတ်ထားပါ)
• ကြက်ရိုးပြုတ်ရည် - ၁ ခွက် (ဟင်းချက်ရင်းတိုင်းသောခွက်)

ပြုလုပ်နည်း
................
၁။ အိုးသေးလေးထဲသို့ ကြက်ရိုးပြုတ်ရည်၊ ကြက်သွန်ဖြူ၊
ငရုတ်ကောင်းမှုန့်နဲ့ ကြက်သားများထည့်ပြီး ရေဆူအောင်တည်ပါ။

၂။ ပွက်ပွက်ဆူလာပြီး အရည်အနည်းငယ်ခန်းလာလျှင်
ဖရုံသီးတုံးလေးများထည့်ပြီး ရေအနည်းငယ်ထပ်ဖြည့်ပြီး ဆူအောင်တည်ပါ။
အားလုံးနူးအိလာတော့မှ ကြက်သွန်မြိတ်ကိုထည့်ပြီး မီးပိတ်ပါ။
မီးအပူချိန်လေးနဲ့ မီးဖိုပေါ်မှာပဲထားပါ။

၃။ ဆားမြည်း လိုတာထပ်ဖြည့်ပြီး အသင့်စားသုံးလို့ရပါပြီ။
ပူပူနွေးနွေးလေး စားသုံးသင့်ပါသည်။

image