2 d - Translate

“အချိန်မရွေး သ*တ်ပစ်လို့ ရတယ်။ ဒါပေမယ့် သူက အဲဒီလို ဖြစ်မလာအောင် သတိကြီးကြီးထားပြီး မတော်တဆ အဆိပ်မသောက်မိရလေအောင် အသ*တ်ခံရတဲ့သူကို ကာကွယ်စောင့်ရှောက်ထားခဲ့တယ်။ သာမန်လူသ*တ်သမားတစ်ယောက် ဆိုရင်တော့ သူသ*တ်ချင်တဲ့လူကို ဘယ်ပုံဘယ်နည်းနဲ့ အ6သသ*တ်ပစ်ရမလဲဆိုတာ ဉာဏ်နီဉာဏ်နက် သုံးပြီး အသည်းအသန် စဉ်းစားနေမှာပဲ။ ဒါပေမယ့် ဒီအမှုရဲ့ လူသ*တ်တရားခံကတော့ လုံးဝကို ပြောင်းပြန်ကြီးပဲ။ သူကကျတော့ မသ*တ်မိဖို့အတွက် ရှိရှိသမျှ ခွန်အားတွေအားလုံးကို စိုက်ထုတ်ထားတယ်။ အခုလို လူသ*တ်တရားခံမျိုးကိုတော့ မှုခင်းသမိုင်းမှာ တစ်ခါမှ မမြင်ဖူးသေးဘူး။ ဒီနေ့ဒီအချိန်ထိ ပြည်တွင်းရော ပြည်ပမှာပါ လုံးဝ ရှိခဲ့ဖူးမယ် မထင်ဘူး။ သီအိုရီအရ ဖြစ်နိုင်ပေမယ့် လက်တွေ့ အကောင်အထည် ဖော်ဖို့ကျတော့ မဖြစ်နိုင်သလောက်ပဲ။”
~ကယ်မတော်မူသော၊ဖြိုးကျော်စာအုပ်မှ
‘ကယ်မတော်မူသော’
ဘာကြောင့် ဒီနာမည်ပေးရသလဲဆိုတာကို စဖတ်စမှာ ကောင်းကောင်းတော့ သဘောမပေါက်သေးဘူး။အဆုံးထိဖတ်တဲ့အခါမှ ဪဒီလိုပါလားဆိုပြီး တကယ်မျောပါသွားရတဲ့ စုံထောက်ဝတ္ထုပါ။
ကျွန်တော်ဖတ်ဖူးတဲ့နယ်ပယ်ကျဉ်းမြောင်းတာလည်းဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဒီထဲက ဇာတ်လမ်းလေးက အတော်လေး ဆန်းတာပါ။ caseတစ်ခု…အသ*တ်ခံလိုက်ရတာက အမျိုးသား။ရိုးရိုးအမျိုးသားတော့မဟုတ်ဘူး။ မိန်း*မတွေကို သူ့မျိုးဆက်ချန်ဖို့လောက်ပဲ တွေးတဲ့သူမျိုး။ ကိုယ်ဝန်မဆောင်နိုင်ရင် မတွဲခင်ကသဘောတူညီထားတဲ့အတိုင်း သွေးအေးအေးနဲ့လမ်းခွဲပြီး အသစ်ထပ်ရှာတယ်။ပြီးရင်လည်း အရင်မိန်း*မနဲ့ မရှင်းမရှင်းတွေထဲကပဲ ထပ်ရွေးတာ။
အဲ့လိုအမျိုးသားအသ*တ်ခံရတဲ့အမှုကို စာဖတ်သူက စုံထောက်တွေနဲ့အတူ အဖြေရှာရမှာ။ သက်သေတွေ၊သဲလွန်စတွေကို သတိထားစောင့်ကြည့်သွားရမယ်။သဲလွန်စတွေကို စာတွေထဲမှာ မြှုပ်ထားပါတယ်။ ဘယ်သူသ*တ်လဲဆိုတာလဲ သိပ်မစဉ်းစားမိဘဲ အပိုင်သိနေသလိုဖြစ်နေပါလိမ့်မယ်။သို့ပေမယ့် စာအုပ်ရဲ့ သုံးပုံနှစ်ပုံမှာတော့ ကိုယ့်အသိကို ကိုယ်ဝေဝါးသွားပါလိမ့်မယ်။ ဖြစ်နိုင်ချေတွေများလာပြီး ဇာတ်ကလည်းရှုပ်လာပါလိမ့်မယ်။
သဘောကျရတာက ဒီထဲကစုံထောက်တွေရဲ့ roleတွေလို့ပြောရမလားပဲ။ အသ*တ်ခံရသူရဲ့ လက်ရှိဇနီးကို စွဲလမ်းသဘောကျမိနေတဲ့အရာရှိတစ်ယောက်ရယ်။ မိန်း*မ​တွေမှာရှိတတ်သော ထူးခြားတဲ့ဗီဇသိကို ရံဖန်ရံခါအသုံးချတဲ့သူ့လုပ်ဖော်ကိုင်ဖက်ရယ်။သိပ္ပံနည်းကျကျအဖြေရှာဖို့ကြိုးစားနေတဲ့ ရူပဗေဒပညာရှင်တစ်ယောက်ရယ်။ အရာရှိကလည်း လက်ရှိဇနီးမဟုတ်ကြောင်းသက်သေပြပြီး သူသဘောကျသူကို ကာကွယ်ပေးဖို့ဆန္ဒရှိတယ်။သူ့လုပ်ဖော်ကိုင်ဖက်ကလည်း မရမက သဲလွန်စတွေစုပြီး သူ့ထင်မြင်ယူဆချက်ဟာမှန်ကန်ကြောင်း သက်သေပြနိုင်ဖို့ စွဲချက်တင်ဖို့ရာကြိုးစားနေတယ်။ သူတို့နှစ်ယောက်အားပြိုင်ပွဲမှာ ပညာရှင်က ဒိုင်အဖြစ်နဲ့ရော စုံထောက်တစ်ယောက်အနေနဲ့ပါ ဖြစ်နိုင်ချေတွေ သံသယရှိသူတွေကို ကူညီဖော်ထုတ်တယ်။ဒီအမှုကိုဖော်ထုတ်တဲ့နေရာမှာဆန့်ကျင်ဖက် အားပြိုင်မှုက အမှုရဲ့အဖြေကို ရှာတွေ့စေရတာလို့ပြောလို့ရပါတယ်။နဂိုကတည်းကမှ ပုံမှန်မဟုတ်နေတဲ့ အမှုမှာ ဒီလိုနည်းနဲ့ အမှုလိုက်ခြင်းက အဖြေကိုသိရဖို့ အသင့်တော်ဆုံးနည်းဖြစ်သွားတာပါပဲ။
ပြစ်မှုတွေဖြစ်ရင် အထူးသဖြင့် ဆန်းကြယ်လွန်းတဲ့ ပိရိပြီးစင်းလုံးချောတဲ့ ပုစ္ဆာမှုခင်းမျိုးမှာ သ*တ်ဖို့အတွက် အားထုတ်ကြရတာ သဘာဝပဲ။ ဒါပေမဲ့ ဒီအမှုကတော့ လုံးဝပြောင်းပြန်ဖြစ်နေတဲ့စင်းလုံးချောအမှုတစ်ခု။သ*တ်တဲ့သူက ကိုယ်သ*တ်မယ့်သူကို မသ*တ်မိအောင်
အစွမ်းကုန် အားထုတ်ပြီးကာကွယ်ပေးနေခဲ့တဲ့အဖြစ်။ 6သမယ့်လူက ကိုယ့်လမ်းကို ကိုယ့်ဟာကိုယ် ရွေးသွားလို့ အချိန်
ရောက်ပြီဆိုတာနဲ့ သ*တ်မယ့်သူကိုယ်၌ကလည်း ဘာမှထူးထူးခြားခြားကို လုပ်နေဖို့မလိုဘဲ 6သမယ့်လူဖြစ်စေချင်တဲ့အတိုင်း ဖြည့်ဆည်းပေးလိုက်ရုံ၊နေပေးလိုက်ရုံပဲ။ ဘာမှအားထပ်မစိုက်လိုက်ရဘဲကို ကိစ္စပြတ်သွားစေတာမျိုး။ အကယ်၍များသာ 6သလူက အသက်ရှင်ရမယ့်လမ်းကိုသာရွေးခဲ့ရင် တရားခံက မ6သအောင် သူ့ကိုယ်သူရင်းချင်ရင်းရပါစေ၊ ကယ်တင်ပေးဆပ်သွားမှာသေချာပါတယ်။
ဒီဝတ္ထုကိုဖတ်ကြည့်စေချင်ပါတယ်။ အမှာစာမှာ စာရေးသူအာမခံထားတဲ့ အတိုင်း မပျင်းစေရပါဘူး။ စာအုပ်ကို ဝယ်ဖို့အဆင်မပြေတဲ့သူတွေ Ebook ဖတ်ချင်ရင် pageမှာလာတောင်းလို့ရပါတယ် ကျွန်တော် တွေ့ထားတာလေး ဝေမျှပေးသွားပါမယ်။အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။

image